ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
တနင်္ဂနွေနေ့က တရုတ်ဂျက်တိုက်လေယာဉ်၊ ဒရုန်းနဲ့ အခြားလေယာဉ် ၃၇ စင်းကို ထိုင်ဝမ်ကျွန်း အနီးမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
ထိုင်ဝမ်ကျွန်းရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု တောင်းဆိုချက်တွေကို လက်ခံဖို့ တရုတ်က ထိုင် ဝမ်ကို ဖိအားတိုးပေးနေပြီး မကြာသေးမီနှစ်တွေအတွင်း ထိုင်ဝမ်အနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန် မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်စစ်လေယာဉ်တွေကို မနက် ၉ နာရီမှာ တွေ့ရှိခဲ့ပြီး ဂျက်တိုက်လေယာဉ် ၃၅ စင်းဟာ တ ရုတ်ပြည်မနဲ့ ထိုင်ဝမ်ကို နယ်နိမိတ်ပိုင်းခြားထားတဲ့ ကြားခံလိုင်းကို ဖြတ်ကျော်ကာ အနောက်ပိုင်း ပစိ ဖိတ်သမုဒ္ဒရာသို့ မပြန်မီ ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။
ထိုင်ဝမ်စစ်တပ်ကလည်း တိုက်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေနဲ့ ကမ်းခြေအခြေပြု ဒုံးကျည် စနစ်တွေ စေလွှတ်ပြီး လက်တုံ့ပြန်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေပါဝင်တဲ့ ထိုင်ဝမ်ကျွန်းဝန်းကျင် တရုတ်စစ်တပ်ရဲ့ ကင်းလှည့်စောင့်ကြပ်မှုကို တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်က ပြောကြားပြီးနောက်တစ်ရက်မှာ စစ်ရေးလေ့ ကျင့်မှု ပြုလုပ်တာပါ။
တရုတ်က ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ပြီး လိုအပ်ရင် အင် အားသုံးပြီး ထိုင်ဝမ်ကို သိမ်းပိုက်မယ်လို့ ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လက ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ပမာဏကြီးမားသော စစ်ရေးလေ့ကျင့် မှုတွေ ပြုလုပ်ခဲ့ရာ ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံတို့က ရှုတ်ချခဲ့ပါတယ်။
တရုတ်စစ်တပ်က စက်တင်ဘာလအတွင်း ခရီးဝေး လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်ကာ ပစိဖိတ် သမုဒ္ဒရာအတွင်းသို့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။
ကိုးကား – AFP
Ref; Taiwan detects 37 Chinese aircraft near island
#Ayeyarwaddy_Times