ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ရုရှားနိုင်ငံဟာ အရှေ့ဖျားဒေသမှ မြောက်ကိုရီးယားစစ်သည် ၇၀၀၀ ကျော်ကို ယူကရိန်းနယ်စပ် သို့ ရွှေ့ပြောင်းလိုက်ပြီလို့ ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
အောက်တိုဘာလ နောက်ဆုံးအပတ်မှာ မြောက်ကိုရီးယားစစ်သည်တွေကို ရွှေ့ပြောင်းခဲ့တာလို့ ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့က လူမှုကွန်ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို စက်သေနတ်တွေ၊ ညကြည့်ကိရိယာတွေ၊ အခြားကိရိယာ တွေ ထောက်ပံ့ပေးထားတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
အောက်တိုဘာလလယ်မှာ ယူကရိန်းအာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ အရှေ့ဖျားဒေ သရှိ စစ်သင်တန်းကျောင်းတစ်ခုမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ထောက်ပံ့ပစ္စည်းတွေ လက်ခံနေ တာကို မြင်တွေ့ရပါတယ်။
ရုရှားသို့ စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သည် ၁၀၀၀၀ အနက် ၈၀၀၀ ခန့်ကို အနောက်ပိုင်း ကာတ်စ်ဒေသမှာ တပ်စွဲထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါ တယ်။
ယူကရိန်းက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိရာ ကာတ်စ်ဒေသမှာ လာ မယ့်ရက်ပိုင်းအတွင်း မြောက်ကိုရီးယားစစ်သည်တွေ တိုက်ပွဲမှာ ပါဝင်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေး အတွေ့အကြုံရရှိကာ ဒရုန်းတွေကို ဘယ်လိုကိုင် တွယ်ရမလဲဆိုတာ သင်ယူခွင့်ရဖို့ မျှော်လင့်နေကြောင်း အမေရိကန်အခြေစိုက် Institute for the Study of War က ပြောပါတယ်။
ရုရှားက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အမြောက်စာအဖြစ် အသုံးပြုပါက မြောက်ကိုရီးယား က ဘယ်လိုစစ်မြေပြင် သင်ခန်းစာတွေ သင်ယူဖို့ မျှော်လင့်စေကာမူ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေကျေမှုများ မယ်လို့ အဆိုပါ ဉာဏ်ကြီးရှင်အဖွဲ့က ပြောပါတယ်။
ကိုးကား – NHK
Ref; Ukraine intelligence: Over 7,000 N.Korean soldiers moved close to border
#Ayeyarwaddy_Times