ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
အစ္စရေးရဲ့ မကြာသေးမီက အီရန်စစ်ရေးပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို အ ပြင်းအထန် တုံ့ပြန်မယ်လို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာခါမေနီက သတိပေးလိုက်ပါတယ်။
ဓားစားခံအကျပ်အတည်း ဖြစ်စေခဲ့တဲ့ အီရန်ကျောင်းသားတွေက အမေရိကန်သံရုံးကို သိမ်းဆည်း ခဲ့တဲ့ ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့မတိုင်မီ စနေနေ့က တီဟီရန်မြို့တော်မှာ ခါမေနီက ကျောင်းသား တွေကို အခုလို ပြောကြားခဲ့တာပါ။
အစ္စရေးနိုင်ငံအပေါ် နောက်ထပ် လက်တုံ့ပြန်တိုက်ခိုက်မှုတစ်ခု ပြုလုပ်မယ်လို့ သူက အရိပ်အ မြွက်ထုတ်ပြောခဲ့ပါတယ်။
အီရန်နိုင်ငံအပေါ် လုပ်ရပ်တွေအတွက် အပြင်းအထန် လက်တုံ့ပြန်မှုခံရမယ်ဆိုတာ အစ္စရေးဖြစ် စေ အမေရိကန်ဖြစ်စေ ရန်သူတွေက သေချာပေါက် သိသင့်တယ်လို့ ၎င်းက ပြောပါတယ်။
လာမယ့်ရက်တွေအတွင်း အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတစ်ခုပြုလုပ်ဖို့ အီရန်နိုင်ငံက ပြင်ဆင် နိုင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာလ ၂၆ ရက်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဒီလအစောပိုင်း အစ္စရေး အပေါ် အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန်တာဖြစ်ပါတယ်။
အီရန်က အစ္စရေးကို တိုက်ခိုက်ရင် အရှေ့အလယ်ပိုင်းဒေသရှိ အဆိုပါအင်အားကြီးနှစ်နိုင်ငံကြား လက်တုံ့ပြန်တိုက်ခိုက်မှုသံသရာ ထိန်းချုပ်မရတော့မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကိုးကား – NHK
Ref; Iran’s Supreme Leader warns Israel of ‘crushing response’
#Ayeyarwaddy_Times