ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

စပိန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ (၁၅၈) ဉီးအထိ ရှိလာခဲ့ပြီလို့ စပိန်မီဒီယာ တွေက ယနေ့ ဖော်ပြပါတယ်။

ယခုရေကြီးရေလျှံမှုဟာ နှစ် (၅၀) ကျော်အတွင်း တိုင်းပြည်ရဲ့ အဆိုးရွားဆုံး သဘာဝဘေးဖြစ် တယ်လို့ စပိန်မီဒီယာတွေက ဆိုပါတယ်။

စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာဒေသနဲ့ အခြားဒေသတွေမှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့က စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး မော်တော်ကားတွေ၊ တံတားတွေ ရေစီးနဲ့အတူ မျှောပါသွားခဲ့ပါတယ်။

စံချိန်တင်မိုးဟာ ရှစ်နာရီကြာအောင် အဆိုပါဒေသတွေမှာ ရွာသွန်းခဲ့တယ်လို့ ဒေသန္တရ မိုးလေ ဝသဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဘေးကြောင့် လမ်းမကြီးတွေ၊ ရထားလမ်းတွေ ပျက်စီး ခဲ့ပါတယ်။

ဗလင်စီယာမြို့ရှိ အဓိကလမ်းမကြီးတွေကို ပြုပြင်ဖို့ လချီကြာမြင့်မှာဖြစ်သလို မက်ဒရစ်မြို့နဲ့ ဗလင်စီယာမြို့ကြား မြန်နှုန်းမြင့်ရထားလမ်းကို ပြင်ဆင်ဖို့ သီတင်းပတ်ချီကြာမြင့်မယ်လို့ သယ်ယူပို့ ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

စစ်တပ်၊ မီးသတ်တပ်ဖွဲ့နဲ့ အခြားပုဂ္ဂိုလ်တွေက ပျောက်ဆုံးနေသူတွေအတွက် ရှာဖွေရေးနဲ့ ကယ် ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။

ကိုးကား – NHK
Ref; Flood death toll in Spain exceeds 150

#Ayeyarwaddy_Times