ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

ဒီလအစောပိုင်းက ပြုံယမ်းမြို့တော်မှာ ပျက်ကျခဲ့တဲ့ ဒရုန်းတစ်စင်းဟာ ပင်လယ်ဝါအတွင်းရှိ တောင်ကိုရီးယားနယ်စပ်ကျွန်းတစ်ခုမှ ပျံတက်ခဲ့တာဖြစ်ပြီး ဒရုန်းကျူးကျော်မှုနောက်ကွယ်မှာ တောင် ကိုရီးယားစစ်တပ် ပါဝင်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်လက်ကမ်းစာစောင်တွေ သယ်ဆောင်လာတဲ့ တောင်ကို ရီးယားဒရုန်းတွေကို ဒီလအအတွင်း ပြုံယမ်းမြို့တော်မှာ (၃) ကြိမ် ခြေရာခံနိုင်ခဲ့တယ်လို့ မြောက်ကိုရီး ယားက ပြောကြားခဲ့ပြီး အင်အားသုံး လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တောင်ကိုရီးယားဒရုန်းဟာ အောက်တိုဘာလ ၈ ရက် ည ၁၁ နာရီ ၂၅ မိနစ်မှာ ပင်လယ်ဝါအ တွင်းရှိ ဘေယောင်ကျွန်းမှ ပျံတက်ကာ မြောက်ကိုရီးယားပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တာလို့ မြောက်ကိုရီးယားက ဆိုပါတယ်။

အဆိုပါဒရုန်းဟာ အောက်တိုဘာလ ၉ ရက်က ပြုံယမ်းမြို့မှာ မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ကြဲချခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ တောင်ကိုရီးယားစစ်တပ်ရဲ့ အရှက်မဲ့သော ရန်လိုတဲ့သဘောဖြစ်ကာ မြောက်ကိုရီး ယားပိုင်နက်ထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုဖြစ်တယ်လို့ မြောက်ကိုရီးယား၊ ကာကွယ်ရေးဝန် ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံက အချုပ်အခြာအာဏာ ထပ်မံ ချိုးဖောက်လာရင် ပြင်းပြင်းထန်ထန် အ ရေးယူသွားမယ်လို့ မြောက်ကိုရီးယားက သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စွပ်စွဲချက်က မှန် မမှန် အတည်မပြုနိုင်ဘူးလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ တောင်ကိုရီးယားပြည်သူတွေကို အန္တရာယ်ဖြစ်စေလာရင် မြောက်ကိုရီးယားအစိုးရ ပြုတ် ကျမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။

ကိုးကား – Yonhap
Ref; Pyongyang claims downed drone originated from South Korean border island

#Ayeyarwaddy_Times