
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ရုရှားနိုင်ငံသို့ ပို့ဆောင်ထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ကာတ်စ်ဒေသမှာ စေလွှတ်လိုက် ပြီလို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။
“ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာတာ အာရှ-ပစိဖိတ်နဲ့ ဉရောပ-အတ္တလန္တိတ် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်” လို့ နေတိုးအဖွဲ့ တာဝန်ရှိသူတွေနဲ့ သံတမန်တွေက တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီးနောက် ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ မြောက်ကိုရီးယားရဲ့ပါဝင်မှုက တင်းမာမှုတွေ မြင့်တက်စေ တယ်လို့ မတ်ခ်ရူတေးက ဆိုပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားကျူးကျော်စစ်မှာ ပါဝင်တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင် စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ယုံသာမက စစ်ပွဲကို အန္တရာယ်များအောင် ဖြစ်လာစေတယ်လို့ သူက ဆက် ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တာဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကြံရာမရဖြစ်မှု လက္ခဏာတစ်ခုလို့ မတ်ခ်ရူတေးက ပြောပါတယ်။
“ပူတင်ရဲ့ ကျူးကျော်စစ်မှာ ရုရှားစစ်သည် ၆၀၀၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့လို့ ပြည်ပအကူအညီမပါဘဲ ယူကရိန်းကို တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူး” လို့ ၎င်းက ရှင်းပြပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ သတင်းတုလို့ဆို ပြီး ရုရှားသမ္မတရုံးက ပယ်ချခဲ့ပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားမှာရောက်နေတာကို ပူတင်က မငြင်းဆန်ခဲ့သလို ပြုံယမ်းနဲ့ မိတ်ဖက်ဆောင်ရွက်မှု စာချုပ်ဖော်ဆောင်တာ ရုရှားရဲ့အလုပ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားမှာရောက်နေတဲ့သတင်းတွေဟာ အခြေအမြစ်မရှိတဲ့ ကော လာဟလတွေလို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားကိုယ်စားလှယ်က ပြောပါတယ်။
ကိုးကား – Reuters
Ref; NATO chief confirms North Korean troops are in Russia’s Kursk
#Ayeyarwaddy_Times