ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က စနိုက်ဘာဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီ၃၀ မိနစ်ခန့်တွင် ငါန်းမြာကြီးရဲစခန်းမှ ထွက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့မှ စနိုက်ဘာဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေ ဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်း (၇) ထံက သိရသည်။

“ဒီမနက် Zero စနိုက်ဘာသမားလက်ချက်နဲ့ ငါန်းမြာက နှစ်ကောင်လယ်ကွင်းထဲမှာ ဘဝပြောင်းသွားတယ်။ ငါန်းမြာရဲစခန်းထဲက ထွက်လာတဲ့ စစ်ကြောင်းကို ရွာအရှေ့ဘက်အရောက်မှာ စနိုက်ဘာနဲ့ပစ်တာ နှစ်ကောင် သေတယ်။ သူတို့ကိုဒရွတ်တိုက်ဆွဲချသွားပြီး ရဲစခန်းထဲပြန်ဝင် သွားတယ်”ဟု မြင်းခြံခရိုင်တပ်ရင်း(၇) တပ် ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း (၇) (Zero ပြောက်ကျားတပ်ဖွဲ့)နှင့် မြင်းခြံခရိုင်တပ်ရင်း (၆) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Zero ပြောက်ကျားတပ်ဖွဲ့သည် မြင်းခြံခရိုင် တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိ ရသည်။

စစ်ကောင် စီတပ်နှင့် ပျူပူးပေါင်းအဖွဲသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ် ရဲပဒိုင်းကျေးရွာကို စီးနင်းဝင်ရောက်ကာ နေအိမ် ခြောက်လုံးကို မီးရှို့ကာ ဒေသခံ သုံးဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ-Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မန္တလေး #ငါန်းဇွန် #ငါန်းမြာကြီး #ရဲစခန်း #စစ်ကောင်စီတပ်ဖွဲ့ဝင် #၂ဦး #စနိုက်ဘာပစ်ခတ်ခံရ #သေဆုံး #မြင်းခြံခရိုင်တပ်ရင်း၇ #Zero ပြောက်ကျားတပ်ဖွဲ့ #Ayeyarwaddy_Times
B