
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
အောက်တိုဘာလ ၂၇ ရက်နဲ့ ၂၈ ရက်မှစပြီး မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စစ်မြေပြင်သို့ စေ လွှတ်ဖို့ ရုရှားက စီစဉ်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထောက်လှမ်းရေးသတင်းတွေကို ကိုး ကားပြီး ပြောပါတယ်။
“ရုရှားနိုင်ငံက ပထမအသုတ် မြောက်ကိုရီးယားစစ်သည်တွေကို အောက်တိုဘာလ ၂၇ ရက်မှစ ပြီး စစ်မြေပြင်ကို စေလွှတ်မယ်လို့ ယူဆရပါတယ်” လို့ ထိပ်တန်းတပ်မှူးထံမှ သတင်းပို့မှုတွေ ရရှိပြီး နောက် ဇီလန်စကီးက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
အရာရှိ ၅၀၀ နဲ့ ဗိုလ်ချုပ်ကြီး (၃) ဉီး အပါအဝင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ဝန်းကျင် ရု ရှားနိုင်ငံမှာ ရောက်ရှိနေပြီး စစ်ဘက်အခြေစိုက်စခန်း (၅) ခုမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရ ပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားမှာ ရောက်ရှိနေတဲ့ အထောက်အထားတွေရှိတယ်လို့ အမေရိ ကန်နိုင်ငံက ပြောကြားခဲ့ပြီး ယူကရိန်းကျူးကျော်စစ်မှာ ပါဝင်တိုက်ခိုက်ဖို့ မြောက်ကိုရီးယားစစ်သည် ၃၀၀၀ ခန့် စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ဘယ်လို အကောင်အထည်ဖော်ဆောင်ရ မယ်ဆိုတာ ရုရှားနိုင်ငံရဲ့အလုပ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံမှာ ရောက်နေတာကို ၎င်းက မငြင်းဆန်ခဲ့ဘဲ ‘ဒါဟာ ကျွန်တော်တို့အလုပ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းပဋိပက္ခမှာ ၎င်းတို့ပါဝင်မှုဟာ တင်းမာမှုတွေ အရှိန်မြှင့်စေနိုင်တယ်လို့ အနောက်မဟာ မိတ်တွေက ပြောကြားခဲ့ပေမယ့် အနောက်နိုင်ငံတွေရဲ့ အကူအညီဟာ မလုံလောက်ဘူးလို့ ဇီလန်စကီးက ပြောပါတယ်။
“တိုက်ခိုက်ရေးမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်မှုဟာ မသေချာပေမယ့် ရုရှားနဲ့ မြောက် ကိုရီးယားအပေါ် ဖိအားတွေရှိလာမှာ သေချာပါတယ်” လို့ ၎င်းက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ရုရှားကျူးကျော်စစ်မှာ ပံ့ပိုးကူညီမှုဟာ ရာဇဝတ်မှုတစ်ခု ဟုတ် မဟုတ်ဆို တာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်း အစိုးရရှေ့နေတွေက ပြောပါတယ်။
ကိုးကား – Reuters
Ref; Zelenskiy says Russia to deploy N.Korean troops in combat zones Oct 27-28
#Ayeyarwaddy_Times