ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်မှ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ပိုင် ရေယာဉ်တစ်စင်းကို နှစ်ကြိမ် မောင်းထုတ်ခဲ့ရတယ်လို့ အင်ဒိုနီးရှားနိုင်ငံက အောက်တိုဘာလ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်ရဲ့တောင်ဘက်စွန်း မြောက်နာတူညာပင်လယ်ရှိ အင်ဒိုနီးရှားပိုင်နက်အတွင်း ရံဖန်ရံခါ ဝင်ရောက်ခဲ့တာကြောင့် အင်ဒိုနီးရှားနိုင်ငံက ကန့်ကွက်မှုတွေ ပြု လုပ်ခဲ့ပါတယ်။

အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်သင်္ဘောတစ်စင်းက တရုတ်ရေယာဉ်ကို ဟန့်တားကာ အဆိုပါဧရိယာမှ မောင်းထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှား ပင်လယ်ရေကြောင်း လုံခြုံရေးအေဂျင်စီက ပြောပါ တယ်။

တရုတ်ရေယာဉ်ဟာ တနင်္လာနေ့က အငြင်းပွား ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ပြီး အင်ဒိုနီးရှား သင်္ဘောက ရေဒီယိုမှတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစားချိန်မှာ အဆိုပါဧရိယာဟာ တရုတ်ရဲ့ပိုင်နက်လို့ တ ရုတ်ရေယာဉ်က ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အင်ဒိုနီးရှားပိုင်နက်ကို ကာကွယ်စောင့်ရှောက်မှု တိုးမြှင့်သွားမယ်လို့ ကတိပြုထား တဲ့ သမ္မတသစ် ပရာဘိုဝိုဆူဘီယန်တိုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း နာတူညာရေပိုင်နက်အတွင်း တရုတ်သင်္ဘောတွေ ဝင်ရောက်ခဲ့လို့ အင်ဒို နီးရှားနိုင်ငံက ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ရပါသေးတယ်။

တရုတ်နဲ့ အင်ဒိုနီးရှားဟာ အရေးပါတဲ့ စီးပွားရေးမဟာမိတ်တွေဖြစ်ပေမယ့် နှစ်စဉ် စီးပွားရေးအ ရ ဒေါ်လာ ဘီလီယံချီရရှိနေတဲ့ ရေပိုင်နက်အတွင်း ပြည်ပရေယာဉ်တွေ ငါးဖမ်းဆီးတာကို ရပ်တန့်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုးပမ်းနေပါတယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ဆိုထားပြီး အပြည်ပြည် ဆိုင်ရာ အနုညာတခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဉပဒေအရ အခြေအမြစ်မရှိဟုဆိုကာ ပယ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လတွေအတွင်း တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှု ကြောင့် ဖိလစ်ပိုင်နဲ့ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက အရှေ့တရုတ်ပင်လယ်အတွင်း ဂျပန်နိုင်ငံ ထိန်းချုပ်ထားတဲ့ အငြင်းပွားကျွန်းစုနဲ့ ပတ်သက်လို့ ဖိအားတိုးပေးနေပြီး ဂျပန်၊ မဟာမိတ်တွေနဲ့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ကိုးကား – AFP
Ref; Indonesia says Chinese coast guard ship driven from disputed waters

#Ayeyarwaddy_Times