
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်
တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအနီး ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်နေပြီး စစ်ရေးလေ့ကျင့်မှု ဧရိယာကို ရှောင်ရှားသွားကြဖို့ သင်္ဘောတွေကို သတိပေးလျက်ရှိတယ်လို့ သိရပါတယ်။
ထိုင်ဝမ်ကို မျက်နှာမူနေတဲ့ တရုတ်နိုင်ငံတောင်ပိုင်း ဖုကျင့်ပြည်နယ်အလွန် ပင်တန်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ခြေရာခံလျက်ရှိပါတယ်။
ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံဟာ အရေးပါတဲ့ ဆိပ်ကမ်းတွေ၊ ဧရိယာတွေကို ပိတ်ဆို့ဖို့ရည်ရွယ် ကာ တစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ တိုက်လေယာဉ် ၁၅၃ စင်း၊ စစ်သင်္ဘော ၁၄ စင်းနဲ့ အခြားရေယာဉ် ၁၂ စင်း ပါဝင်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ကွန်မြူနစ်ပါတီလက်အောက်ရှိ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဆိုတဲ့ တ ရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကို ထိုင်ဝမ်သမ္မတရဲ့ ငြင်းဆန်မှုကြောင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်တာလို့ တ ရုတ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေ ရပ်တန့်ဖို့ ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျန်တိုင်က တရုတ်နိုင်ငံကို တောင်းဆို ခဲ့ပါတယ်။ “တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ အဓိပ္ပာယ်မဲ့ ကြေညာချက်တွေပြုလုပ်ဖို့ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ ကျင့်မှုတွေကို ထိုင်ဝမ်အနီး မကြာခဏ မပြုလုပ်သင့်ပါဘူး” သူက ဆိုပါတယ်။
ထိုင်ဝမ်ရေလက်ကြားဝန်းကျင်မှာ တရုတ်စစ်တပ်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အမေရိကန် နိုင်ငံက အလွန်အမင်း စိုးရိမ်တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမေလာ က ပြောပါတယ်။
“စိတ်ရှည်သည်းခံမှု ကျင့်သုံးပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့ ကျွန်တော်တို့ တရုတ်နိုင်ငံကို တောင်းဆိုပါတယ်” လို့ သူ က ဆိုပါတယ်။
ကိုးကား – Fox News
Ref; China holds live-fire drills near Taiwan, in another show of force
#Ayeyarwaddy_Times