ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
စနေနေ့က ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ဘိတ်လာဟီယာမြို့အပေါ် အစ္စရေးနိုင်ငံရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် လူ ၈၇ ဦးထက်မနည်း သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့တယ်လို့ ဂါဇာ အာ ဏာပိုင်တွေက ပြောပါတယ်။
အဆိုပါသတင်းကို အစ္စရေးတပ်ဖွဲ့က ပယ်ချခဲ့ပြီး သေဆုံးသူစာရင်းကို ချဲ့ကားထားကာ အရပ် သားတွေ ထိခိုက်သေဆုံးမှုမရှိအောင် ဟားမာစ်အဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို အတိအကျ တိုက်ခိုက်ခဲ့ တာလို့ ပြောပါတယ်။
ဟားမာစ်အဖွဲ့ခေါင်းဆောင် ယာရာဆင်ဝါ သတ်ဖြတ်ခံရပြီးနောက် အစ္စရေးစစ်တပ်က ဂါဇာ ကမ်းမြောင်ဒေသမှာ ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်နေပြီး မြေပြင်တပ်ဖွဲ့တွေက ဝိုင်းပတ်ကာ လေ ကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘိတ်လာဟီယာမြို့အနီး ဂျာဘာလီယာမြို့ရှိ ဒေသ ခံပြည်သူ ၅၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
အစ္စရေးနိုင်ငံရဲ့ စစ်ဆင်ရေးတွေကြောင့် ဂါဇာဒေသမှာ လူသားချင်းစာနာမှု အခြေအနေနဲ့ပတ် သက်လို့ စိုးရိမ်မှုတွေ တိုးလာစေပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်တာကို ရှုတ်ချတယ်လို့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာ ကုလသမဂ္ဂ အထူး ညှိနှိုင်းရေးမှူး Tor Wennesland က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
စစ်ပွဲကို အဆုံးသတ်ရမှာဖြစ်သလို ဟားမာစ်အဖွဲ့ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို လွှတ်ပေးရ မှာဖြစ်ကြောင်း၊ ပါလက်စတိုင်းပြည်တွေ နေရပ်စွန့်ခွာရတာ ရပ်တန့်ရမှာဖြစ်သလို အရပ်သားတွေကို ကာကွယ်ပေးရမယ်လို့ သူက ဆိုပါတယ်။
အစ္စရေးလေတပ်က ဘေရွတ်မြို့တော်မှာ လက်ဘနွန် ရှီးယိုက် မူဆလင်အဖွဲ့ ဟက်ဇ်ဘိုလာရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
လက်တုံ့ပြန်မှုအဖြစ် ဟက်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒုံးကျည် အစင်း ၁၀၀ ခန့် ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Israeli airstrike on northern Gaza leaves at least 87 dead or missing
#Ayeyarwaddy_Times