
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ် ၊ မြို့ရှောင်လမ်းအနီးတွင်လွန်ခဲ့သော သုံးလခန့်က အမျိုးသားတစ်ဦးကို ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယူသွားသူကို အောက်တိုဘာ ၁၆ ရက်နေ့က ဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဟင်္သာတမြို့ကနောင်စုရပ်ကွက်၊ ရတနာပုံ(၂)လမ်းတွင်နေထိုင်သည့် အသက်(၅၈)အရွယ်ဦးလှိုင်ကို ဆိုသူ၏ ဆိုင်ကယ်လုယက်ခံရပြီး ဓါးဒဏ်ရာ ငါးချက်ဖြင့် မြို့ရှောင်လမ်းတွင်သေဆုံးနေသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဟင်္သါတမြို့နယ် ပြကတတ်ကျေးရွာအုပ်စုနေအသက်(၂၂)အရွယ် ဝေလျှံစိုးဆိုသူကို
တိမ်းရှောင်နေသော ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လုယက်ခဲ့သောဆိုင်ကယ်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
” ခုကဟင်္သာတမှာ လုယက်မှုတွေအတင့်ရဲလာတာ။ ဆိုင်ကယ်လုပြီးလူသတ်သွားတာမနက်၁၀နာရီကျော်ကြီးဖြစ်သွားတာ။ ဒါတောင်တိုင်းရဲမင်းကြီးက မပေါပေါ်အောင် လိုက်ခိုင်းလို့မိတာ။ သုံးလလောက်ကြာတယ်၊ စစ်တပ်နဲ့ ရဲတွေကင်းလှည့်နေတာ တစ်ခါမှလဲ ချက်ခြင်းမိတာမကြားရဘူး။ မြို့မှာနေရတာ လုံခြုံမှုမရှိသလိုဖြစ်နေပြီ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။
ဟင်္သာတမြို့တွင် အမှတ်(၂)မြို့ရှောင်လမ်းနှင့် တက္ကသိုလ် အနီးတွင် ဓါးထောက်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း တရားခံဖမ်းဆီးမိသည်ဟု မကြားမိကြောင်းဒေသခံများကပြောသည်။
ဧရာ၀တီတိုင်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များအင်အားအများအပြား ကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာအဓိကထားပြီး ဖမ်းဆီးနေသောကြောင့် ခိုဆိုးလုနှိုက်မှုများ နေ့စဥ်ဖြစ်ပွားနေပြီး၊လောင်းကစား၊ လုယက်မှု၊မူးယစ်ဆေးဝါးရောင်းချမှုနှင့်ငွေတုရောင်းချခြင်းလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။
#င်္ဟသာတမြို့ #လူသတ် #ဆိုင်ကယ်လု #၃လအကြာ #ဖမ်းမိ
#Ayeyarwaddy_Times