ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ပမာဏကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး နောက် ဒီမိုကရေစီနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်မယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြည်သူ လူထုကို ကတိပြုပါတယ်။

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီး “Joint Sword-2024B” လို့ အမည်ပေးထားတဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်တာကို လက်တုံ့ပြန်မယ့် အဆင့်မြင့် အမျိုးသားလုံခြုံရေး အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် လိုင်ချင်တေးက သူရဲ့မှတ်ချက်စကားကို သူ့ရဲ့လူမှုကွန်ရက်မှာ မျှဝေခဲ့တာပါ။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကိုယ်စားပြုခွင့်မရှိကြောင်း လိုင်ချင်တေးက ထိုင်ဝမ် အမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်းတစ်ရပ် ပြောကြားပြီး (၄) ရက်အကြာမှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ကို ကြေညာခဲ့တာပါ။

တရုတ်နိုင်ငံဟာ အိမ်နီးချင်းတိုင်းပြည်တွေကို ခြိမ်းခြောက်ဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်မှုကို နှောင့်ယှက်ဖို့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာလို့ လိုင်ချင်တေးက ပြောပါတယ်။

ပြည်ပဖိအားရန်ကနေ ထိုင်ဝမ်ရဲ့ လွတ်လပ်သော ဒီမိုကရေစီစနစ်ကို ထိုင်ဝမ်အစိုးရက ကာ ကွယ်မယ်လို့ ၎င်းက ပြည်သူတွေကို အခိုင်အမာပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းမယ့် ကတိကဝတ်ကို လိုင်ချင်တေး က ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်ရဲ့ရည်မှန်းချက်မှာ အပြန်အလှန် လေးစားသမှု၊ ဂုဏ်သိက္ခာကို အခြေခံကာ နှစ်ဖက်ကြား အပြုသဘောဆောင်သော ဖလှယ်မှုတွေ မြှင့်တင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ကမ္ဘာ့နယ်ပယ်မှာ သူ့ရဲ့ အရှိန်အဝါကို အပြုသဘောဆောင်စွာ အသုံးချပြီး ဒေသ တွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ ၎င်းက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းဝန်းကျင် စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံဟာ စံချိန်တင် တိုက်လေယာဉ် ၁၂၅ စင်း၊ လေယာဉ်တင်သင်္ဘော လျောင်နင်နဲ့ စစ်သင်္ဘောအမျိုးမျိုး စေလွှတ်ခဲ့ပါတယ်။

ကိုးကား – ANI
Ref; Taiwan’s President vows to defend democracy amid China’s military drills

#Ayeyarwaddy_Times