ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

ရုရှားစစ်တပ်က မြောက်ကိုရီးယားစစ်သည် ၃၀၀၀ အထိပါဝင်တဲ့ တပ်ရင်းတစ်ခုကို ဖွဲ့စည်း လိုက်တယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။

ထောက်လှမ်းရေးဌာနမှ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ယူကရိန်းမီဒီယာတွေက အခုလို ဖော်ပြခဲ့တာပါ။

အဆိုပါတပ်ရင်းဟာ ယူကရိန်းတပ်ဖွဲ့တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိရာ ရုရှားအနောက်ပိုင်း ကာတ်စ်ဒေသက တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်မယ်လို့ ယူကရိန်းမီဒီယာတွေက ဆိုပါတယ်။

ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်နဲ့ ဘရိုင်ယန့်စ်ဒေသတွေမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သည် ၁၈ ဉီးဟာ ယူကရိန်းနယ်စပ်မှ ၇ ကီလိုမီတာအထိ ထွက်ပြေးခဲ့တယ် လို့ သတင်းတွေက ဆိုပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် Institute for the Study of War က သတင်း တွေကို အတည်မပြုပါဘူး။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားနိုင်ငံသားတွေကို စစ်မှုထမ်းဖို့စုဆောင်းပါက ပြည်တွင်း မှာ ဂယက်ထတာရှောင်လိုတာကြောင့် မြောက်ကိုရီးယားနိုင်ငံသားတွေကို ရုရှားစစ်တပ်ထဲ ထည့်သွင်း တာလို့ Institute for the Study of War က ဆိုပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားဟာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထပ်မံ တိုးမြှင့်နေကြတယ် လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ရုရှားသို့ စစ်လက်နက်တွေနဲ့ တပ်ဖွဲ့ဝင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ၎င်းက စွပ်စွဲခဲ့ပါတယ်။

ကိုးကား – NHK
Ref; Russia forms unit of 3,000 N.Korean troops, Ukrainian media say

#Ayeyarwaddy_Times