ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

ကမ္ဘာကျော် အဆိုတော်အဖွဲ့တစ်ခုဖြစ်သည့် One Direction အဖွဲ့ဝင် အဆိုတော် Liam P‌ayne သည် ဗုဒ္ဓဟူး နေ့ ညနေ ၅ နာရီဝန်းကျင်က အာဂျင်တီနားနိုင်ငံ ဟိုတယ်တစ်ခုရှိ ဝရန်တာပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုတော် Liam Payne မှာ ၎င်းတည်းခိုနေထိုင်သည့် ဟိုတယ်အခန်း တတိယထပ် အမြင့်ပေ ၄၂ မှ ၄၅ ပေအထိမြင့်သည့် ဝရန်တာမှ ပြုတ်ကျကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အစည်း ဒါရိုက်တာက မီဒီယာများကို ပြောဆိုခဲ့သည်။

Liam သေဆုံးမှုမတိုင်ခင် ၎င်းတည်းခိုနေသည့် ဟိုတယ်မှ ပုံမှန်အခြေအနေတွင်မရှိသည့် အမျိုးသားတစ်ဦးမှ ဟိုတယ်အတွင်း သောင်းကျန်းမှုများ ပြုလုပ်နေသည့်အကြောင်း သက်ဆိုင်ရာကို ဖုန်းဆက်တိုင်ကြားခဲ့ပြီး သက်ဆိုင်ရာမှ ရောက်ရှိလာစဉ် Liam Payne ၏ သေဆုံးမှုကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိန်အခြေစိုက် One Direction အဖွဲ့ကို လူငယ် ငါး ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ခုနှစ် မှ စတင်ကာ ကမ္ဘာတစ်ဝှမ်းရှိ လူငယ်များကြားတွင် နံမည်ကြီးလူကြိုက်များခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အဖွဲ့ကို ရပ်နားခဲ့ပြီး တစ်ဦးချင်းစီ အနုပညာလှုပ်ရှားမှုများ ဆက်လက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

အဆိုတော် Liam Payne မှာ အာဂျင်တီးနားနိုင်ငံ တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က ကျင်းပခဲ့သည့် ယခင်က One Direction အဖွဲ့သားဖြစ်ခဲ့သူ Niall Horan ၏ တစ်ကိုယ်တော်ဖျော်ဖြပွဲကို တက်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ‌‌အာဂျင်တီးနားသို့ရောက်ရှိစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၎င်းသေဆုံးခဲ့သည့် ဟိုတယ်ဝန်းကျင်သို့ ပရိတ်သတ်‌‌မြောက်မြားစွာ ရောက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#onedirection #liampayne #သေဆုံး #Ayeyarwaddy_Times