
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲရေး ကျိုးပျက်မှုကြောင့် ရို ဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုတွေ ကြန့်ကြာခဲ့ရတယ်လို့ စစ်ကောင်စီခန့် သံအမတ် ဉီး ကျော်စိုးမိုးက ပြောပါတယ်။
“၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီနဲ့ AA ကြား အပစ်အခတ်ရပ်စဲရေး ကျိုးပျက်မှုကြောင့် ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုတွေ ကြန့်ကြာခဲ့ပါတယ်” လို့ ၎င်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီးဌာန အကြံပေး တူဟက်ဟော်စိန်ကို ပြောပါတယ်။
ရိုဟင်ဂျာတွေကို ဘေးကင်းစွာ နေရပ်ပြန်ပို့ရေး လိုအပ်ပြီး မြန်မာနိုင်ငံမှာ ငြိမ်ချမ်းရေးနဲ့ တည် ငြိမ်မှုရရှိဖို့ အရေးကြီးတယ်လို့ တူဟက်ဟော်စိန်က ထောက်ပြပါတယ်။
“ဒေသတွင်း တည်ငြိမ်မှုဟာ နှစ်နိုင်ငံစလုံးအတွက် အရေးပါတယ်” လို့ ၎င်းက စစ်ကောင်စီ သံအ မတ်ကို ပြောပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံသား ၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။
စစ်ရှောင်တွေကို ကူညီဖို့နဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြေရှင်းနိုင်ရေး ရခိုင်ပြည်နယ် မှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ဘေးကင်းဇုန်တစ်ခု ထူထောင်ဖို့ ဘင်္ဂလားဒေ့ရှ် အသွင်ကူး ပြောင်းရေးအစိုးရ အကြီးအကဲ မိုဟာမက်ယူနွတ်က တနင်္လာနေ့မှာ အဆိုပြုခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Rohingya repatriation delayed due to cease-fire breakdown with rebels: Myanmar’s envoy
#Ayeyarwaddy_Times