ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
တောင်ကိုရီးယားစစ်တပ်ဟာ မကြာသေးမီက ပြုံယမ်းမြို့တော်ပေါ်မှာ လက်ကမ်းစာစောင်တွေ သယ်ဆောင်လာတဲ့ မောင်းသူမဲ့လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျုံအန်ရဲ့ သြဇာတိက္ကမရှိသော ညီမဖြစ်သူ ကင်ယိုဂျောင်က စွပ်စွဲခဲ့ပြီး အဆိုပါဖြစ်စဉ်အတွက် အမေရိ ကန်နိုင်ငံကို အပြစ်ဖို့ချလိုက်ပါတယ်။
“ပြုံယမ်းမြို့တော် ဒရုန်းတွေပျံသန်းတဲ့ဖြစ်စဉ်ရဲ့ အဓိက တရားခံက တောင်ကိုရီးယားစစ်တပ်ဆို တာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း သိပါတယ်” လို့ ကင်ယိုဂျောင်က ပြောပါတယ်။
ကင်ယိုဂျောင်က အခုလိုစွပ်စွဲပေမယ့် အထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။ မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ သယ်ဆောင်လာတဲ့ ဒရုန်းတွေ ပြုံယမ်းမြို့ပေါ် တွေ့ရှိခဲ့ပြီး လက် တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ပြောဆိုချက်တွေကို အတည်မပြုနိုင်ဘူးလို့ တောင်ကိုရီးယား ကာ ကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်က ပြောပါတယ်။
“ခွေးတွေရဲ့လုပ်ရပ်တွေအတွက် သခင်ဖြစ်သူမှာ တာဝန်ရှိတယ်” လို့ ကင်ယိုဂျောင်က ပြောကြား ပြီး ပြုံယမ်းမြို့တော်ပေါ်မှာ ဒရုန်းတွေပျံသန်းတာ အမေရိကန်နိုင်ငံက တာဝန်ယူရမယ်လို့ ဆိုပါတယ်။
အင်အားသုံးခြိမ်းခြောက်တာနဲ့ အရင်းအမြစ်တွေကို အတည်မပြုဘဲ ဒရုန်းပျံသန်းမှုဖြစ်စဉ်ကို သ တိပေးခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပါတယ်။
ဒရုန်းပျံသန်းမှုနောက်ကွယ်မှာ တောင်ကိုရီးယား တက်ကြွလှုပ်ရှားမှုအဖွဲ့တွေ ရှိခဲ့တယ်လို့ ကင် ယိုဂျောင်က အစောပိုင်းမှာ ပြောကြားခဲ့ပြီး ယင်းသို့သောလုပ်ရပ်ကို စောင့်ကြည့်ဖို့ ပျက်ကွက်ခဲ့တဲ့ တောင်ကိုရီးယားစစ်တပ်ကို ၎င်းက ဝေဖန်ခဲ့ပါတယ်။
“တောင်ကိုရီးယားစစ်တပ်က နယ်စပ်ကိုဖြတ်ကျော်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဒရုန်းတွေ ပျံသန်းမှုကို မဖော်ထုတ်နိုင်ရင် အဲဒါ ပြဿနာတစ်ခုပါ” လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
ကိုးကား – Yonhap
Ref; N. Korean leader’s sister accuses S. Korean military of flying drones over Pyongyang
#Ayeyarwaddy_Times