
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
မြန်မာပဋိပက္ခနဲ့ပတ်သက်သော ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံ အားလုံးက လက်ခံတယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရက်စ်ချာလီချန်းက ပြောပါတယ်။
ဂျီနီဗာမြို့တော်မှာကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) မှတစ်ဆင့် မြန်မာ့အရေး ဖြေရှင်းမယ့် ဉပဒေဆိုင်ရာ ကြိုးပမ်းမှုတွေကို ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဟန့်တားဖို့ မကြိုးပမ်းခဲ့ ဘူးလို့ သူက ဆိုပါတယ်။
ဒီဇင်ဘာလအတွင်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပမယ့် ထိုင်းနိုင်ငံရဲ့ အစီအ စဉ်က မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုအဖြစ် ရှုမြင်ခြင်းရှိ မရှိ လေ့လာသူတွေရဲ့ စိုးရိမ်မှု တွေကို ၎င်းက အခုလို ဖြေကြားခဲ့တာပါ။
ဂျီနီဗာမြို့မှာကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ မြန်မာ့အရေး ဆွေး နွေးပွဲကျင်းပဖို့ အဆိုပြုချက်နဲ့ပတ်သက်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လွှတ်တော်သို့ ထင်မြင် ချက် တောင်းခံထားတယ်လို့ သူက ရှင်းပြပါတယ်။
ယင်းသို့သောလုပ်ရပ်က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုမှာ ကြားဝင်ဖျန်ဖြေသူ ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ထိခိုက်စေကာ နယ်စပ်ဖြတ်ကျော် ကိစ္စရပ်တွေကို သက်ရောက်စေ နိုင်တာကို ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိထားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းတာဟာ ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းမှုနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးမှု လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မတိုင်ပင်ဘဲ လုပ်ဆောင်တာဟာ အပျက်သဘောဆောင်တဲ့ အကျိုး ဆက်တွေ ဖြစ်ပေါ်နိုင်ပြီး ဝင်ရောက်စွက်ဖက်မှုအဖြစ် ရှုမြင်ခံရနိုင်တယ်လို့ ချာလီချန်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိစေဖို့ ယူကရိန်းနိုင်ငံက အဆိုပြုတဲ့ အရေးပေါ် အစီအစဉ်တစ်ရပ် ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံက စဉ်းစားမယ်လို့ Fair ပါတီမှ လွှတ်တော်အမတ် ကန် နာဗီးဆူဆန်က ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Asean backs Myanmar stance: MFA
#Ayeyarwaddy_Times