ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်
၂၀၂၄ ခုနှစ် အကုန်မှာ ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ တန်ကြေးရှိ စစ်ရေးအကူအ ညီပေးမယ်လို့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးက ကြေညာခဲ့ပြီး အနောက်နိုင်ငံတွေက ယူကရိန်းသို့ ပံ့ပိုး ကူညီမှု မရပ်တန့်ဘူးဆိုတာ ရုရှားကို အချက်ပြတာလို့ သမ္မတ ဇီလန်စကီးကို ပြောပါတယ်။
အဆိုပါ စစ်ရေးအကူအညီကို မဟာမိတ်တိုင်းပြည်တွေဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ နော်ဝေ တို့နဲ့ ပူးတွဲ ပေးအပ်မှာဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေး၊ တင့်ကား၊ တိုက်ခိုက်ရေးဒရုန်းနဲ့ အမြောက် တွေ ပါဝင်ပါတယ်။
“ဒီစစ်ရေးအကူအညီဟာ ရုရှားသမ္မတ ပူတင်အတွက် ရှင်းလင်းသော သတင်းစကားတစ်ခု ဖြစ်ပါ တယ်။ ကျွန်တော်တို့ ယူကရိန်းအတွက် ပံ့ပိုးကူညီမှု ရပ်တန့်မှာမဟုတ်ပါဘူး” လို့ အိုလက်ဖ်ရှိုးက ပြောပါ တယ်။
စစ်ပွဲအဆုံးသတ်ရေး ‘အောင်ပွဲစီမံချက်” တင်ပြဖို့နဲ့ ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ရရေး ဖိအားပေးဖို့ ဇီလန်စကီးဟာ ဉရောပရှိ မဟာမိတ်တွေနဲ့ တွေ့ဆုံလျက်ရှိပါတယ်။
“လာမယ့်နှစ်မှာ စစ်ရေးအကူအညီပေးတာ မလျှော့သွားဖို့ အရေးကြီးပါတယ်” လို့ ဘာလင်မြို့ တော်မှာ အိုလက်ဖ်ရှိုးနဲ့တွေ့ဆုံစဉ် ဇီလန်စကီးက ပြောပါတယ်။
ဂျာမနီဟာ ယူကရိန်းသို့ ဒုတိယအများဆုံး စစ်ရေးအကူအညီ လှူဒါန်းတဲ့တိုင်းပြည်ဖြစ်ပေမယ့် ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်တွေ တပ်ဆင်ပေးတာနဲ့ပတ်သက်လို့ အိုလက်ဖ်ရှိုးက မှတ်ချက်ထဲမှာ ထည့်မပြောခဲ့ပါဘူး။
၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ဂျာမနီနိုင်ငံက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့ရပါတယ်။
ကိုးကား – Reuters
Ref; Germany’s Scholz announces more military aid as Zelenskiy visits Berlin
#Ayeyarwaddy_Times