ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်နှင့် ကလေးသူငယ်အပါအဝင် သေဆုံးသူ ၁၂ ဦးခန့်ရှိကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်ခန့်တွင် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲချခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၂ ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က ထုတ်ပြန်ပြောဆိုထားသည်။
လက်ရှိတွင် စစ်ကောင်စီက မတ္တရာ ယမ်းကုန်းကျေးရွာထဲသို့ ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ထီးတော်မိုးတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ထို့အပြင် မတ္တရာမြို့ရှောင်လမ်းမှ လက်နက်အင်အား အပြည့်အစုံပါသည့် DC စစ်ကားတစီး၊ ဖောကားတစီးဖြင့် မတ္တရာမြို့နယ်အတွင်းသို့ ဝင်ရောက်သွားကြောင်း နယ်မြေခံကင်းထောက်များထံမှ သိရသည်။
#မန္တလေး #မတ္တရာ #စစ်ရှောင်စခန်း #စစ်ကောင်စီ #အကြောင်းမဲ့ #ဗုံးကြဲ #သံဃာတော် #ကလေးသူငယ် #သေဆုံး #Ayeyarwaddy_Times