
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
မြောက်ကိုရီးယားနိုင်ငံက ရုရှားတပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ် ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမြောက်ကျည်တွေနဲ့ ဒုံးကျည်တွေ ရုရှားနိုင်ငံသို့ ထောက်ပံ့ပေးနေ ပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေပါတယ်။
မြောက်ကိုရီးယားနဲ့ရုရှားကြား ဆက်ဆံရေးဟာ စစ်ဘက်မဟာမိတ်တစ်ခုလို နီးကပ်လာခဲ့တယ် လို့ ကင်ယောင်ဟွန်က အင်္ဂါနေ့မှာ လွှတ်တော်ကော်မတီတစ်ခုသို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ်နိုင်စွမ်းရှိ မရှိ လွှတ်တော်အမတ်တစ် ဉီးက မေးမြန်းရာမှာ “အများကြီး ဖြစ်နိုင်ပါတယ်” လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားထိန်းချုပ်ဧရိယာတစ်ခုမှာ ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအ တွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင် (၆) ဉီး သေဆုံးခဲ့တယ်လို့ ယူကရိန်းမီဒီယာတွေက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
လက်ရှိအခြေအနေအရ ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အ ချို့ သေဆုံးခဲ့တဲ့သတင်းက ဖြစ်နိုင်ချေရှိတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; S.Korea defense chief: North ‘highly likely’ to send troops to Ukraine
#Ayeyarwaddy_Times