ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ယူကရိန်းနဲ့ ခေတ်မီဒရုန်းတွေ ထုတ်လုပ်ဖို့ နယ်သာလန်နိုင်ငံက ယူရို သန်း ၄၀၀ ရင်းနှီးမြုပ်နှံမှာ ဖြစ်ပြီး လာမယ့်လတွေအတွင်း F-16 ဂျက်တိုက်လေယာဉ်တွေ ထပ်မံ ပေးပို့မယ်လို့ နယ်သာလန် ကာ ကွယ်ရေးဝန်ကြီး ရူဘင်ဘရီကဲလ်မန်းက ကိယက်ဗ်မြို့တော်သို့ ရုတ်တရက်သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ် ခုအတွင်း ပြောကြားခဲ့ပါတယ်။

ဒရုန်းထုတ်လုပ်ရေး အစီအမံကြောင့် ယူကရိန်းရဲ့ တီထွင်ဆန်းသစ်မှုနဲ့ နယ်သာလန်ရဲ့ ကျွမ်း ကျင်မှုကို စစ်မြေပြင်မှာ အသုံးချတဲ့ နည်းပညာကို တိုးတက်စေမယ်လို့ သူက ဆိုပါတယ်။

ကင်းထောက်ဒရုန်း၊ ကာကွယ်ရေးဒရုန်း၊ တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်သွားမှာဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားဖို့ ယူကရိန်းက တိုက်ခိုက်ရေးဒရုန်းတွေ ပိုလိုအပ် ကြောင်း သူက ပြောပါတယ်။

ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းသို့ ယူရို ၁၀ ဘီလီယံတန်ကြေးရှိ စစ်ရေးအ ကူအညီပေးဖို့ နယ်သာလန်နိုင်ငံက ကတိပြုခဲ့ပြီး လက်ရှိအချိန်ထိ ယူရို ၄ ဘီလီယံဝန်းကျင် သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။

ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ နိုင်ငံတကာမိတ်ဖက်တွေကို တွန်း အားပေးခြင်းအားဖြင့် နယ်သာလန်နိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ် ပံ့ပိုးပေးခဲ့ပြီး F-16 ဂျက် တိုက်လေယာဉ် ၂၄ စင်း ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။

နယ်သာလန်နိုင်ငံမှ ပထမအသုတ် F-16 ဂျက်တိုက်လေယာဉ်တွေဟာ လက်ရှိမှာ ယူကရိန်းလေ တပ်က အသုံးပြုနေပြီး ကျန်ရှိသောဂျက်တိုက်လေယာဉ်တွေကို လာမယ့်လတွေအတွင်း ပေးပို့မယ်လို့ ရူ ဘင်ဘရီကဲလ်မန်းက ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွက် ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် တပ်ဆင်မယ့်အစီအ စဉ်ကိုလည်း နယ်သာလန်နိုင်ငံက ကြေညာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ လက်ရှိမှာ နယ်သာလန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ ပက်ထရီးယော့ဒုံးခွင်း စနစ်တစ်ခု အသုံးပြုနေပြီး မကြာမီ ဒုံးပစ်စင်သုံးခု ပေးပို့မယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Dutch defence minister pledges 400 million for Ukraine drone plan

#Ayeyarwaddy_Times