ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

တာရှည်နေပြီဖြစ်တဲ့ မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးမှာ အာဆီယံအဖွဲ့က အရေးပါသော အ ခန်းကဏ္ဍမှ ပါဝင်ရမယ်လို့ ဒီသီတင်းပတ်အတွင်း လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေး ပွဲမတိုင်မီ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက အောက်တိုဘာလ ၇ ရက်မှာ ပြောကြား လိုက်ပါတယ်။

စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်ခဲ့ရပြီး ဆန္ဒပြပွဲတွေက စစ်ကောင်စီကို ဆန့် ကျင်တဲ့ လက်နက်ကိုင်ပုန်ကန်မှုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

“ဖြစ်နိုင်သမျှစောပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရေးမှာ အာဆီယံအဖွဲ့က အ ရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ရပါမယ်” လို့ ဗန်ကောက်မြို့တော်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပေ ထောင်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။

မြန်မာပဋိပက္ခကို ဖြေရှင်းနိုင်ရေး သံတမန်နည်းလမ်းတွေ အသုံးပြုဖို့ ထိုင်းနိုင်ငံက လာမယ့်နှစ် အာဆီယံ အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ အင်အားချိနဲ့လာတာကြောင့် တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်နေပြီး သဘော တူညီချက်ရရှိဖို့ အချိန်ကျပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဆေထာသာဗီဆင်းက ဧပြီလအတွင်း ပြော ကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့လင့်ကစား ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ချမှတ်ခဲ့တဲ့ ဘုံ သဘောတူညီချက် (၅) ရပ်လို့ လူသိများသော အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်ခဲ့ပြီး တိုင်းပြည် ကိုဖျက်ဆီးတဲ့ အကြမ်းဖက်သမားတွေလို့ ခေါ်ဆိုခဲ့ပါတယ်။

မြန်မာ့လူဉီးရေ ၅၅ သန်းရဲ့ သုံးပုံတစ်ပုံကို လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်စေခဲ့တဲ့ မြန်မာပဋိပက္ခကို လာအိုနိုင်ငံမှာပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံအဖွဲ့က မြန် မာစစ်ကောင်စီ ခေါင်းဆောင်ပိုင်းကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့် ပိတ်ပင် ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂနဲ့ မြန် မာစစ်တပ်ရဲ့ အတိုက်အခံတွေပါဝင်တဲ့ နိုင်ငံတကာအစည်းအဝေးတစ်ရပ် လက်ခံကျင်းပခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Thai PM: Asean must play key role in resolving Myanmar crisis

#Ayeyarwaddy_Times