
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၈ ရက်
ချင်းလဲန်းအစိုးရပူးပေါင်းစစ်ဆင်ရေးအဖြစ် ပူးပေါင်းဆောင်ရွက်နေသော ချင်းပြည်နယ်၊ ထန်တလန်မြို့ သိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာမှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၂) ၊ တပ်ရင်း- ၂ မှ ရဲဘော်တစ်ဦးနှင့် တပ်ရင်း-၃ မှ ရဲဘော်တစ်ဦးတို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က လက်နက်ကြီးကြောင့် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
“မြို့ထဲက တပ်စခန်း သုံးခုမှာ သူတို့က အခိုင်အမာတပ်စွဲပြီးတော့ မြို့မကျအောင် ခုခံကာကွယ် နေကြတယ်။ တပ်စခန်း သုံး ခုထဲက CB ဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကိုတော့ သိမ်းပိုက်လိုက်ပါပြီ။ အခု တပ်စခန်းနှစ်ခု ကျန်နေသေးတယ်။ လက်နက်ကြီးကြောင့် ရဲဘော်နှစ်ဦးက ဒဏ်ရာရရှိတာပါ။ ဒဏ်ရာကတော့ မစိုးရိမ်ရအခြေအနေပါ” လို့ ထန်တလန်မြို့၊ မြေပြင်သတင်းရင်း မြစ်ထံက သိရသည်။
လက်ရှိတွင် ထန်တလန်မြို့၊ NLDရုံးနှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားပြီး အဆိုပါတပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ရန် ချင်းလဲန်းအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြောင်းသိရသည်။
ထန်တလန်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ခလရ ၂၆၉ တပ်ကုန်း၊ Lai Villa တည်းခိုခန်းနှင့် CBဘဏ်တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ ဧရာ၀တီတိုင်းမ်
ပုံစာ-CDF-မတူပီ၊ တပ်မဟာ ၂ ရဲဘော်များ။
#ထန်တလန်မြို့သိမ်းတိုက်ပွဲ #ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #တပ်မဟာ၂ #ရဲဘော်၂ဦးဒဏ်ရာရရှိ #Ayeyarwaddy_Times