ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
သုံးကြိမ်တိုင် ပြည်သူရွေးချယ်တင်မြှောက်ထားသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်အစိုးရက မကွယ်လွန်မီ နာရီပိုင်းအလိုတွင် စစ်အစိုးရက လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းသည် စစ်မှန်သောသနားကြင်နာမှုမဟုတ်ဟု ဥရောပသမဂ္ဂ(EU)သံရုံးက ထုတ်ပြန် သည်။
စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းခံနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီခန့်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
စစ်အာဏာပိုင်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီးတွင် မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ဒေါက်တာဇော်မြင့်မောင်ကို ထပ်မံ ဖမ်းဆီးခဲ့သည်။
ဒေါတာဇော်မြင့်မောင်သည် စစ်ကောင်စီ၏ ဖမ်း ဆီးခြင်းကို ခံခဲ့ရကာ နှစ်ပေါင်းများစွာ လုံ လောက်သည့် ဆေးကုသမှုကိုမရရှိခဲ့ဘဲ ပြင်းထန်သောနာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည်။
ထိုသို့ အကျဉ်းကျခံနေရသည့် အခြေအနေသည် လွန်စွာလူမဆန်၊ အဆင့်နှိမ့်စွာနေခဲ့ရပြီး မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှုမဟုတ်ဟု EU ကထုတ်ပြန်ပြော ဆိုထားသည်။
စစ်ကောင်စီက ဆေးရုံတွင် သတိလစ်မေ့မြောအခြေအနေဖြစ်နေသည့် ဒေါက်တာဇော်မြင့်မောင်ကို ယမန် နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် လူမှုရေးအရငဲ့ညှာ သောအားဖြင့်လည်း ကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်း ကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း လာ ရောက်ဖတ်ပြသွားသည်ဟု သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU)သံရုံး အနေဖြင့် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း၊ မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆိုတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။
#ဒေါက်တာဇော်မြင့်မောင် #လွတ်ငြိမ်းခွင့် #စစ်မှန်သော #ကြင်နာမှုမဟုတ် #EUထုတ်ပြန် #Ayeyarwaddy_Times