ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
တရုတ်နိုင်ငံက စစ်ကောင်စီအပေါ် ရပ်တည်ချက် ပျော့ပြောင်းလာတာကြောင့် မြန်မာနိုင်ငံ၊ က ရင်ပြည်နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ ပြန်များလာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ရဲ့ မ ကြာသေးမီက အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။
“တရုတ်နိုင်ငံဟာ အခုဆိုရင် စစ်ကောင်စီ အသက်ဆက်ဖို့ ပိုမို အလေးထားလာပြီး စစ်ကောင်စီ ဖြုတ်ချမခံရဖို့ ကြိုးပမ်းနေပါတယ်။ ဒီပြဿနာတွေဖြေရှင်းရေး စစ်ကောင်စီကို ဖိအားပေမယ့်လုပ်ရပ်ကို တရုတ်နိုင်ငံက စိတ်မဝင်စားတော့ပါဘူး” လို့ အစီရင်ခံစာ ရေးသားသူနဲ့ အဆိုပါအင်စတီကျု့ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ပြောပါတယ်။
တရုတ်နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းမှုမလုပ်တော့ဘဲ မြန်မာစစ်တပ်ကို ပံ့ပိုးကူ ညီလာခဲ့ကာ ဒီအပြောင်းအလဲကြောင့် ရာဇဝတ်ဂိုဏ်းတွေ မြန်မာနိုင်ငံကို အခြေစိုက်နေရာတစ်ခုအဖြစ် အသုံးချလာတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
“တရုတ်နဲ့မြန်မာဟာ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုရှိတဲ့ အိမ်နီးချင်းတွေဖြစ်ပါတယ်။ တရုတ် နိုင်ငံက မြန်မာနိုင်ငံတွင်းအခြေအနေ ပြောင်းလဲလာမှုကို အနီးကပ် အလေးထားခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာ ပဋိပက္ခ သို့မဟုတ် ကစဉ့်ကလျားအခြေအနေကို တရုတ်နိုင်ငံက မမြင်တွေ့လိုဘဲ စောလျင်စွာ တည် ငြိမ်မှု ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်” လို့ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပန်ယုက ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဖြိုခွင်းမှုမှာ တရုတ်နိုင်ငံသား ၃၁၃ ဉီးနဲ့ မြန် မာနိုင်ငံသား ၅၅၇ ဉီး အပါအဝင် ကျားဖြန့်သံသယရှိသူ ၈၇၀ ဉီးကို ဖမ်းဆီးမိခဲ့တယ်လို့ တရုတ်၊ ပြည် သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ရဲ့ မြန်မာပဋိပက္ခအပေါ်အမြင်က မြန်မာပြည်တွင်း ဖြစ်စဉ်တွေအပေါ် အခြေခံပြီး ပြောင်း လဲနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့မှ အကြီးတန်း အတိုင်ပင်ခံ သော မတ်ကိန်းက ပြောပါတယ်။
“အခြေခံအဆောက်အအုံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပါဝင်ပြီး တရုတ်ကို အိန္ဒိယသမုဒ္ဒရာ သို့ ထွက်ပေါက်ရစေမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းကို တရုတ်အစိုးရက ဉီးစားပေးခဲ့ပါ တယ်” လို့ ၎င်းက ပြောပါတယ်။
ရလဒ်အနေနဲ့ တရုတ်အာဏာပိုင်တွေဟာ ဒေသတည်ငြိမ်မှုရဖို့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တေွကို အကျိုးဆောင်ပေးဖို့ ကြိုး ပမ်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားများစွာဟာ မြန်မာနိုင်ငံမှ ကျားဖြန့်လုပ်ငန်းတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရ တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်မှ လက်ထောက်ခရိုင်ရှေ့နေတစ်ဉီးဖြစ်သူ အီရင်ဝက်စ်က ပြောပါ တယ်။
ရာဇဝတ်ကောင်အချို့ကို တရုတ်နိုင်ငံသို့ နှင်ထုတ်ခဲ့ပေမယ့် ကျားဖြန့်လုပ်ငန်းတွေဟာ ဒေသ ဆိုင်ရာ စစ်ဘုရင်တွေ၊ စစ်တပ်အကြီးအကဲတွေနဲ့ ကာကွယ်ပေးမှုနဲ့ ဆက်လုပ်ကိုင်နေတယ်လို့ ဂျေဆင် တာဝါက ပြောပါတယ်။
“ကျားဖြန့်လုပ်ငန်းတွေက အမေရိကန်နိုင်ငံအတွက် တစ်နှစ်ကို ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးမှုတွေဖြစ်စေပေမယ့် အခြားခန့်မှန်းချက်တွေအရ ဆုံးရှုံးမှုပမာဏဟာ ဒေါ်လာ ၁၅ ဘီလီယံခန့်အ ထိ ရှိပါတယ်” သူက ဆိုပါတယ်။
ကိုးကား – VOA
Ref; Chinese gangs revive scam hubs in Myanmar as Beijing eases pressure on junta
#Ayeyarwaddy_Times