
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ရုရှားကျူးကျော်မှုကို ခုခံနိုင်ဖို့ ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက်ထုတ်လုပ်ရေးမှာ အနောက်နိုင်ငံ တွေက ပိုမို ရင်းနှီးမြုပ်နှံဖို့ သမ္မတ ဇလန်စကီးက တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံဟာ ရှေ့တန်းစစ်မျက်နှာရှိ စစ်သားတွေအတွက် စစ်လက်နက်ပြတ်လပ်မှုတွေ ကြုံ တွေ့နေရပြီး အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်အမျိုးမျိုးကို ပြုပြင်ပြီး သုံးနေရပါ တယ်။
ယူကရိန်းအစိုးရဟာ ပြည်တွင်းနဲ့ပြည်ပကုမ္ပဏီ ၂၈၀ ကျော် တက်ရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင် ရာ စစ်လက်နက်လုပ်ငန်းများဆိုင်ရာ ညီလာခံကို ကိယက်ဗ်မြို့တော်မှာ ကျင်းပခဲ့ပါတယ်။
“ယူကရိန်းပြည်သူတွေဟာ စစ်လက်နက်လုပ်ငန်းသစ်တစ်ခု တည်ဆောက်နိုင်ခဲ့ပါတယ်” လို့ ဇီ လန်စကီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း မြန်ဆန်စွာ ဖွံ့ဖြိုးလာတယ်လို့ ဇီလန်စကီး က ပြောပြီး ပြည်တွင်းမှာ တစ်နှစ်လျင် ဒရုန်းအစင်းရေ ၄ သန်းအထိ ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်းနက်ခ်ဒေသမှာ ထိုးစစ်ဆင်မှု အရှိန်မြှင့်နေ တယ်လို့ သိရပါတယ်။
ဒေသဆိုင်ရာမြို့တော်ရဲ့ အနောက်တောင်ဘက်မှာတည်ရှိတဲ့ ဗူလီဒါမြို့တော်နားအထိ ရုရှားတပ် ဖွဲ့တွေ ရောက်ရှိနေပြီလို့ ဒွန်းနက်ခ်မြို့တော်ဝန်က ကြာသပတေးနေ့မှာ ဒေသန္တရမီဒီယာတွေကို ပြော ကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက ဗူလီဒါမြို့တော်ကို ထိန်းချုပ်နိုင်ပါက ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ထောက်ပံ့ပို့ ဆောင်ရေး စွမ်းရည်တွေ တိုးမြှင့်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: Ukraine capable of producing 4 million drones annually
#Ayeyarwaddy_Times