ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်သားများအနက် ယခုနှစ် ကိုးလတာကာလအတွင်း ဆေးဝါးကုသခွင့် လုံလောက်စွာမရရှိသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအထိရှိပြီဖြစ်ကြာင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) ထံက သိရသည်။

အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း နှင့် ဆေးဝါးလုံလောက်မှု မရှိခြင်းတို့ကြောင့် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလကုန်အထိ နိုင်ငံရေးအကျဉ်းသား ကိုး ဦး၊ နိုင်ငံရေးအကျဉ်းသူ နှစ် ဦး၊ ရဲCDM (ရဲပြေးအမှုဖြင့် တရားစွဲခံထားရသူ) တစ် ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ရကြာင်း သိရသည်။

“ကျွန်တော်တို့ ထုတ်ပြန်ချက်တွေပေါ်မှာတော့ သူတို့ က ငြင်းဆန်တဲ့ ရှုထောင့်ကနေပဲ ထောင်တွင်းမှာ ဆေးဝါးစောက်ရှောက်မှု လုံလောက်စွာပေးနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူးဆိုပြီးတော့ သူတို့တွေ ထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီအခြေ အနေတွေဟာ မြေပြင်နဲ့ ကင်းကွာ နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ ပြောလို့ရတယ်” ဟု PPNM အဖွဲ့အစည်းမှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


ထောင်တွင်း ကျန်းမာရေးစာင့်ရှောက်မှု လုံလောက်စွာမရခြင်းများတွင် အကျဉ်းထောင်ဆရာဝန် လုံလောက်မှုမရှိခြင်း၊ ထောင်တွင်း ဆေးဝါးစုံလင်စွာမရှိခြင်း၊ ထောင်ဆေးရုံများကိုလည်း အကျဉ်းသား မသေဆုံးမီ တာဝန်အရပို့သည့် နေရာအဖြစ်သာထားရှိခြင်း၊ အချိန်မီဆေးဝါးကုသမှု မပေးခြင်းတို့ ပါဝင်ကာ ထောင်အသီးသီးရှိ အကျဉ်းသားများမှာ အဆိုပါအခြေအနေကို ရင်ဆိုင်နေရကြောင်း သိရသည်။

“ဒါကြောင့်မို့လိုလည်း ICRC လို အကျဉ်းထောင်ထဲ ဝင်ခွင့်ရခဲ့တဲ့ အဖွဲ့အစည်းတွေဟာ အခုထိ ဝင်ခွင့်မရသေးဘူးဖြစ်ပါတယ်။ ဒါဟာ မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီလိုမျိုး သိရှိသွားမှာ ဖြစ်တဲ့အတွက် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ တကယ်သာ သူတို့ပြောတဲ့အတိုင်းမှန်ကန်တယ်ဆိုရင် အကျဉ်းထောင်တွေကို ဘယ်သူပဲ ဝင်ကြည့်ကြည့် ကြည့်ခွင့်ရနေမှာ ဖြစ်ပါတယ်” ဟုကို သိုက်ထွန်းဦးက ဆက်လက် ပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနာက်ပိုင်း သုံးနှစ်ကျာ်ကြာကာလအတွင်း နွေဦးတော်လှန်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရသူ ပေါင်း ၂၇,၄၉၆ ဦးရှိပြီး ယခုအချိန်အထိ ထိန်းသိမ်းခံထားရသူပေါင်း ၂၁,၀၀၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးကွန်ရက်(AAPP) ကထုတ်ပြန် ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#အကျဉ်းထောင် #ဆေးဝါးလုံလောက်မှုမရှိ #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times