ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ‘ဟယ်လင်း’ ကြောင့် ပြည်နယ်ခြောက်ခုမှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုနဲ့ အခြားဘေးအန္တရာယ်တွေ ဖြစ်ခဲ့ ရာ လူ ၉၀ ကျော် သေဆုံးခဲ့ပါတယ်။

အဆင့် ၄ ရှိ ဟာရီကိန်းမုန်တိုင်း ‘ဟယ်လင်း’ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖလော်ရီဒါပြည် နယ်ကို တိုက်ခတ်ခဲ့တယ်လို့ အမေရိကန် မိုးလေဝသဌာနမှ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

အဆိုပါမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် အားပျော့သွားခဲ့ပေမယ့် မြောက်ကာရိုလိုင်း နားနဲ့ ဂျော်ဂျီယာအပါအဝင် ပြည်နယ်ခြောက်ခုမှာ တိုက်ခတ်ခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်း ‘ဟယ်လင်း’ ကြောင့် လူ ၉၃ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ စီအန်အန် သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

မုန်တိုင်းဘေးအသင့်ဆုံး မြောက်ကာရိုလိုင်းနားပြည်နယ် ဘန်ကွန်ဘီကောင်တီက တာဝန်ရှိသူ တွေဟာ လူပေါင်း ၆၀၀ ခန့် ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေ လက်ခံရရှိခဲ့ပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ထားရပြီး ဒေသခံတွေဟာ လျှပ်စစ်မီး၊ ရေနဲ့ ဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။

မုန်တိုင်းဘေးသင့်ဒေသတွေကို သွားရောက်ဖို့ ရည်ရွယ်ထားပါတယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ဒုတိယသမ္မတ ကာမဲလာဟားရစ်ကလည်း မုန်တိုင်းသင့်ဒေသတွေကို သွားရောက်ဖို့ စီစဉ်နေ တယ်လို့ အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ကိုးကား – NHK
Ref; Hurricane Helene blamed for more than 90 deaths in southern US

#Ayeyarwaddy_Times