ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

ရုရှားက နျူကလီးယားအင်အားကြီး တိုင်းပြည်တစ်ခုဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ပြောကြားခဲ့ပြီး အမေရိကန်နဲ့ ဉရောပတိုင်းပြည်တွေက ယူကရိန်းသို့ စစ်ရေးအကူအ ညီ ဆက်ပေးနေတာကို သတိပေးလိုက်ပါတယ်။

ဆာဂျီလာရော့ဗ်ဟာ စနေနေ့က နယူးယောက်မြို့တော်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပါတယ်။

ရုရှားကျူးကျော်မှုကို ကူတိုက်ပေးဖို့ ယူကရိန်းသို့ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီ ပေး အပ်နေမှုကို ၎င်းက ရည်ညွှန်းပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲမှတစ်ဆင့် ရုရှားကို ထိုးနှက်ဖို့ ကြိုးပမ်းနေတယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။

နျူကလီးယားအင်အားကြီး ရုရှားနိုင်ငံအပေါ် အောင်ပွဲရရှိရေး တိုက်ခိုက်မယ်ဆိုတဲ့ အဆင်ခြင်မဲ့၊ အန္တရာယ်ရှိသော အကြံဉာဏ်နဲ့ပတ်သက်လို့ ဆွေးနွေးမှာမဟုတ်ဖူးလို့ ၎င်းက ဆက်ပြောပါတယ်။

စနေနေ့က ယူကရိန်းနိုင်ငံမြောက်ပိုင်းရှိ ဆူမီမြို့မှာ ရုရှားရဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ လူ ၉ ဉီး သေဆုံးခဲ့ပြီး ၁၀ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ပြည် ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားနိုင်ငံက ဆေးရုံတွေနဲ့ အခြား အရပ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တိုက် ခိုက်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Lavrov says Russia is nuclear power, warns against Western support for Ukraine

#Ayeyarwaddy_Times