
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၎င်းတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေအ တွက် ဒေါ်လာ ၁၉၉ သန်းနီးပါး အကူအညီပေးမယ်လို့ အမေရိကန် အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Uzra Zeya က စက်တင်ဘာလ ၂၄ ရက်မှာ ကြေညာခဲ့ ပါတယ်။
ဒေါ်လာ သန်း ၇၀ ကို နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ လူဉီးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်း သွားလာမှုဗျူရို (PRM) မှတစ်ဆင့် ပေးအပ်မယ်လို့ ၎င်းက ပြောပါတယ်။
ဒေါ်လာ ၁၂၉ သန်းကို USAID နဲ့ ဒေါ်လာ ၇၈ သန်းကို စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထောက်ပံ့မှာ ဖြစ်ကာ အဆိုပါငွေကြေးကို ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၎င်းတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေအတွက် အမေရိကန်လယ်သမားတွေထံမှ အစားအစာ ဝယ်ယူ၊ တင်ပို့၊ ဖြန့်ဖြူးမှာဖြစ် ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အကူအညီဟာ လူ့အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ နှိပ်ကွက်မှုတွေကြောင့် ထွက်ပြေးရသူတွေကို ကာကွယ်၊ ခိုလှုံခွင့်ပေးပြီး ကျွေးမွေးနိုင်မှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကျော် အပါအ ဝင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း အမေရိကန်အစိုးရက ဒေသဆိုင်ရာ ရိုဟင်ဂျာတုံ့ပြန်ရေးအရ ဒေါ် လာ ၂ ဒသမ ၅ ဘီလီယံကျော် ပံ့ပိုးကူညီခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒေသတွင်းရှိ အကျပ်အတည်းဘေးသင့် အသိုင်းအဝိုင်းများသို့ အကူအညီ ပေးအပ်ဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားဆဲဖြစ်ပြီး ဆက်လက်ပြီး ပံ့ပိုးကြဖို့ အလှူရှင်နိုင်ငံတွေကို တောင်းဆိုပါတယ်။
ကိုးကား – https://www.state.gov/
Ref; United States Announces New Funding for Rohingya Refugees and Host Communities
#Ayeyarwaddy_Times