ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်ဟာ သောကြာနေ့က ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့ တွေ့ဆုံကာ ပါလက်စတိုင်းနဲ့ မြန်မာ့အရေးတွေကို ဖြေရှင်းရာမှာ မြန်ဆန်၊ တိကျပြတ်သားသော အရေးယူမှုပြုလုပ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

တွေ့ဆုံမှုအတွင်း မိုဟာမက်ဟတ်ဆန်က ပါလက်စတိုင်းနဲ့မြန်မာမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောခဲ့ ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုပြန်လည်ရရှိရေး ကြိုးပမ်းမှုတွေ အရှိန်မြှင့်ဖို့ သူက ကုလသမဂ္ဂကို တောင်းဆိုခဲ့ပြီး သန်းနဲ့ချီသော အရပ်သားတွေကို ထိခိုက်စေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း တွေကို အရေးတကြီး ဖြေရှင်းဖို့လိုတယ်လို့ ဆိုပါတယ်။

“ပါလက်စတိုင်းနဲ့မြန်မာပြည်သူတွေ ငြိမ်းချမ်းရေးရရှိစေရေး ထိရောက်သော အရေးယူမှုပြုလုပ် ဖို့ ကုလသမဂ္ဂကို ကျွန်တော် တိုက်တွန်းခဲ့ပါတယ်” လို့ မိုဟာမက်ဟတ်ဆန်အား ကိုးကားပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ယူဖို့ ပြင်ဆင်နေလို့ မလေးရှားနိုင်ငံနဲ့ ကုလသမဂ္ဂကြား အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုကို ၎င်းက အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါ တယ်။

စက်တင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်လျက်ရှိရာ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးပန်းအဖြစ် အစည်းအဝေးပြုလုပ်ခဲ့တာပါ။

မိုဟာမက်ဟတ်ဆန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မလေးရှားနိုင်ငံကို ကိုယ်စားပြုဖို့ န ယူးယောက်မြို့ကို ရောက်ရှိနေပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးနောက် ပိုင်း ပထမဆုံးအကြိမ် တက်ရောက်မှုဖြစ်ပါတယ်။

ကိုးကား – Bernama
Ref; Malaysia pushes for UN to take decisive action on Palestine, Myanmar after meeting sec-gen Guterres

#Ayeyarwaddy_Times