ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့တဲ့ တစ်နှစ်ထဲဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ဖူမီယိုကီရှီဒါက ဂျပန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါ တယ်။ ကီရှီဒါလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂျပန်နိုင်ငံရဲ့ အ ကန့်အသတ်နဲ့ ပံ့ပိုးကူညီမှုက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ကီရှီဒါဟာ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သ လို ၂၀၁၇ ခုနှစ်မှာ ခေတ္တ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံသို့ ကြိမ် ဖန်များစွာ သွားရောက်ခဲ့သလို တိုကျိုမြို့တော်နဲ့ အခြားဒေသတွေမှာ မြန်မာအရပ်သားအစိုးရ တာဝန်ရှိ သူတွေနဲ့ အစည်းအဝေးများစွာ ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် ကီရှီဒါနဲ့ လစ်ဘရယ်ဒီမိုကရေစီဖြစ်တဲ့ ဂျပန်နိုင်ငံက ၎င်းတို့ကို ပိုမိုကူညီမယ်လို့ မြန် မာပြည်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။ ယခုအခါ မြန်မာပြည်သူတွေဟာ ကီရှီဒါရဲ့ ခေါင်းဆောင်မှုကို ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ အာဏာပြန်ရလာပြီးနောက် ရှင်ဇိုအာဘေးဟာ လက်ဉီးမှုရယူသော နိုင်ငံခြားရေး ရာ အစီအစဉ်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။ သူ့ရဲ့ တန်ဖိုးအခြေခံ သံခင်းတမန်ခင်းက ဒီမိုကရေစီအသွင် ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ လုံခြုံရေးမှာ ဂျပန်နိုင်ငံခြားရေးမူဝါဒရဲ့ အချက်အချာ ဖြစ်ခဲ့ ပါတယ်။
ရှင်ဇိုအာဘေးဉီးဆောင်တဲ့ ဂျပန်အစိုးရဟာ ၂၀၁၃ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အ သွင်ကူးပြောင်းမှု အစီအစဉ်ကို ပံ့ပိုးကူညီခဲ့ပြီး ကြွေးမြီ ဒေါ်လာ ၂ ဘီလီယံခန့်ကို ပယ်ဖျက်ကာ အကူအ ညီတွေ ပိုပေးဖို့ ကတိပြုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အလှူရှင်ဖြစ်တဲ့ ဂျပန်နိုင်ငံက မြန်မာ နိုင်ငံမှာ စက်မှုဇုန်တစ်ခု ထူထောင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ကီရှီဒါဟာ ထိုအချိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတန်ဖိုးတွေကို ထပ် လောင်းအတည်ပြုခဲ့ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီဖို့ ၅ နှစ်အ တွင်း မြန်မာနိုင်ငံသို့ ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ အကူအညီ ထောက်ပံ့ဖို့ ဂျပန်အစိုးရက ကတိပြုခဲ့ပါ တယ်။
ရှင်ဇိုအာဘေးဟာ ဒေသတွင်းကျင်းပတဲ့ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲတွေမှာ တက်ကြွစွာ ပါ ဝင်ခဲ့ပြီး တရုတ်သြဇာကို ဟန့်တားဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ် မ ဟာဗျူဟာကို ဆွေးနွေးကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ တိုင်းပြည်တည်ဆောက်ရေး ကြိုးပမ်း မှုတွေကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီဖို့ ကတိပြုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီတဲ့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ကို နှစ်နိုင်ငံကြား ကာလကြာရှည် ဆက်ဆံရေးနဲ့ ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးမှာ ချည်းကပ်မှုက ကျော ထောက်နောက်ခံပြုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပံ့ပိုးပေးရေးအပါအဝင် ရှင်ဇိုအာဘေးရဲ့ နိုင်ငံခြားရေးမူဝါဒ မှာ မြန်မာနိုင်ငံကို ဂျပန်ရဲ့ အာရှ-ပစိဖိတ်မဟာဗျူဟာမှာ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ရှု မြင်ခဲ့ပါတယ်။
ကီရှီဒါနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ ကန့်သတ်ချက်တွေ၊ လက်တွေ့ကျမှုဝါဒတွေနဲ့ ထူး ခြားသည့်သွင်ပြင်လက္ခဏာဆောင်ပါတယ်။ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း လက်ရှိ ဂျပန်အစိုးရ ဟာ မြန်မာ့အရေးမှာ တိုက်ရိုက်ပါဝင်တာကို ရှောင်ရှားခဲ့ပြီး ပြည်တွင်းရေးတစ်ခုအဖြစ် ရှုမြင်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေနဲ့မတူတာက ဂျပန်ဟာ မြန်မာစစ်ကောင်စီအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ် ဆို့မှု မပြုလုပ်ခဲ့ပဲ နိုင်ငံရေးဖိအားထက် စီးပွားရေးဆက်ဆံမှုကို အလေးထားကာ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး ပြုလုပ်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး ထိန်းသိမ်းခဲ့လင့်ကစား အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရှိ ဂျ ပန်စီးပွားရေးလုပ်ငန်းတွေအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့ပြီး Eneos Holdings နဲ့ Kirin Holdings တို့လိုမျိုး ကုမ္ပဏီကြီးတွေက အရေးပါသော စီမံကိန်းတွေမှ ရုတ်သိမ်းခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြန်မာသို့ ငွေကြေးအကူအညီဟာ စစ်တပ်ထိန်းချုပ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှတစ်ဆင့် ဖြတ်ကျော်ရလို့ စစ်ကောင်စီကို ထောက်ပံ့တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်နိုင်ငံက အကန့်အသတ်နဲ့သာ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခဲ့လို့ အကူအညီအများစု စစ်ဘေးရှောင်တွေနဲ့ စစ်တပ်ကြောင့် ထိခိုက်ရသူတွေထံ မရောက်ရှိခဲ့ပါ ဘူး။ ဒုတိယကမ္ဘာစစ်ကာလ ကျူးကျော်စစ်မှ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို လေ့ကျင့်ပေးခဲ့မှုအထိ ဂျပန်နိုင်ငံရဲ့ မြန်မာနဲ့ သမိုင်းဆိုင်ရာ ဆက်ဆံမှုက ဂျပန်အစိုးရရဲ့ သတိထားချည်းကပ်မှုကို လွှမ်းမိုးခဲ့ပါ တယ်။
နိုင်ငံတကာရဲ့ ဖိအားတိုးပေးမှု ရှိလင့်ကစား ကီရှီဒါလက်ထက်မှာ ဂျပန်နိုင်ငံရဲ့မူဝါဒကို သမိုင်း ကြောင်းအပြင် စီးပွားရေးဆက်ဆံမှုနဲ့ ဖော်ဆောင်ခဲ့လို့ စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ဆုံမှု ရပ်တည်ချက် အနည်းဆုံး ဖြစ်စေခဲ့ပါတယ်။
ကီရှီဒါဟာ ရှင်ဇိုအာဘေးရဲ့လမ်းစဉ်ကို မလိုက်နိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုကို မပံ့ပိုးနိုင်ခဲ့ပါဘူး။ ရှင်ဇိုအာဘေးက ထိုရည်မှန်းချက်ကို ကတိပြုခဲ့ပေမယ့် ကီရှီဒါကတော့ မြန်မာ ဒီမိုကရေစီအင်အားစုတွေနဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု မပြုလုပ်ခဲ့လို့ ခေါင်းဆောင်နှစ်ဉီး ကြား သိသာသော ကွဲပြားမှုတစ်ခု ဖြစ်စေခဲ့ပါတယ်။
တစ်ချိန်တည်းမှာ အာရှတိုက်မှာ ဒီမိုကရေစီ ကျဆင်းလာပြီး ဒေသတွင်း ဒီမိုကရေစီတိုင်းပြည် တွေရဲ့ ပါဝင်မှုမရှိတာဟာ တရုတ်နိုင်ငံက မြန်မာ့အရေးမှာ စွက်ဖက်ခွင့် ရစေခဲ့ပါတယ်။ ကီရှီဒါရဲ့ ဝန်ကြီး ချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် မြန်မာအာဏာသိမ်းမှုက အဖြေရှာမရသေး ပါဘူး။
အာဏာရှင်စနစ် ကြီးထွားလာတာကို တန်ပြန်ဖို့နဲ့ ဒီမိုကရေစီအုပ်ချုပ်မှု ပြန်လည်အားကောင်း ရေး ပံ့ပိုးဖို့ ဒေသတွင်း အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထောက်ခံရာမှာ ပို မိုတက်ကြွသော အခန်းကဏ္ဍမှပါဝင်ဖို့ ဂျပန်ရဲ့ နောက်လာမယ့်ခေါင်းဆောင်အတွက် အရေးကြီးပါတယ်။
စက်တင်ဘာလ ၂၇ ရက်ထုတ် The Japan Times သတင်းစာပါ ဆောင်းပါးရှင် John S. Thang ရဲ့ Kishida’s failure to support democracy in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
#Ayeyarwaddy_Times