ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

မိုးမိတ်မြို့အတွင်းကို စစ်ကော်မရှင်တပ်များ တပ်ဖြန့်နေရာယူနေပြီဖြစ်ကြောင်း သိရသည်။

TNLA ဖယ်ပေးလိုက်သည့် မိုးမိတ်မြို့ကို စစ်ကော်မ ရှင်က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့မှစကာ ဝင်ရောက်ခြေချလာပြီးနောက် ယခုလ ဒီဇင်ဘာ ၃ ရက်နေ့အထိတွင် မိုးမိတ် မကျည်းပင်ရွာအထိ တပ်ဖြန့်ထားပြီဖြစ်သည်။

“မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရဲ့ လက်အောက် ခံတပ်တွေပါ ပါလာမယ်လို့ သိထားရပေမယ့် အခုထိတော့ မတွေ့ရသေးဘူး”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

နောင်ချိုမှနေ၍ ကျောက်မဲအထိတိုက်စစ်ဆင်ကာ ဂုတ်တွင်းချောင်းကို ဦးဆောင်ဖြတ်ကျော်ခဲ့သည့် စကခ ၁ ၏ နည်းဗျူဟာမှူး ရဲထွန်းဦးကို ဦးဆောင်ဝင်ရောက်စေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကော်မရှင်တပ်က တော်လှန်ရေးတပ်များ ထွက်နိုင်ရန် ဝဲပေါင်းကျေးရွာတစ်ခုကိုသာ ဟထားပေးသည့် အနေအထားရှိကြောင်း ဗိုလ်ကြီး‌ဇင်ယော်က ဧရာဝတီတိုင်းမ်ကိုသည်။

မိုးကုတ်မြို့ပြင်တွင်မူ ထိတွေ့တိုက်ပွဲတချို့ရှိနေသေးပြီး စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြောင်ခေါင်းဘားနက်နှင့် ထင်းရှူးတောင်ကျေးရွာတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-တော်လှန်းရေးတပ်ဖွဲ့ဝင်များ ( ပုံဟောင်း)