ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

အိမ်ဖြူတော်အရာရှိဟောင်း ဂျွန်ဘော်လ်တန်ကို လုပ်ကြံသတ်ဖြတ်ဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု ရဲ့နောက်ကွက်မှ အီရန်နိုင်ငံသား ကြိုးကိုင်သူဆိုသူအား ဖမ်းဆီးနိုင်ရေး သတင်းပေးနိုင်သူကို ဆုကြေး ဒေါ်လာ သန်း ၂၀ ချီးမြှင့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာ ခဲ့ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသား လုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဘော်လ်တန်ကို သတ်ဖြတ်ဖို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) အဖွဲ့ဝင် ရှာရမ်းပူဆာဖီရဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ၂၀၂၂ ခုနှစ်၊ ဩဂုတ် လမှာ ပြောကြားခဲ့ပါတယ်။

ပူဆာဖီကို ဖမ်းဆီးနိုင်ရေး သတင်းပေးနိုင်သူကို ဒေါ်လာ သန်း ၂၀ အထိ ဆုငွေ ချီးမြှင့်မယ်လို့ အ မေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ်းလှမ်းပါတယ်။

သူ့အပေါ် အီရန်နိုင်ငံရဲ့ ကြီးမားသော ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ သမ္မတရွေးကောက်ပွဲ ထပ် မံယှဉ်ပြိုင်မယ့် အသက် ၇၈ နှစ်အရွယ် ဒေါ်နယ်ထရမ့်က ပြောဆိုပြီးနောက် အခုလို ဆုကြေး ထုတ်လိုက် တာပါ။

ဂျွန်ဘော်လ်တန်က အီရန်နိုင်ငံကို အပြင်းအထန် ဝေဖန်သူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အီရန် နျူက လီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နှုတ်ထွက်ဖို့ ဒေါ်နယ်ထရမ့်ကို အကြံပြုခဲ့ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်ဧရိယာမှာ ဂျွန်ဘော်လ်တန်ကို သတ်ဖြတ်နိုင်လျင် ဒေါ်လာ ၃၀၀၀၀၀ ချီး မြှင့်မယ်လို့ ပူဆာဖီက အမေရိကန်နိုင်ငံတွင်းရှိ မည်သူမည်ဝါမသိရတဲ့ ပုဂ္ဂိုလ်တစ်ဉီးကို ကမ်းလှမ်းခဲ့ပါ တယ်။

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ တပ်မှူး ကာဆင်းဆိုလေမန်နီကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လအတွင်း အမေရိကန်နိုင်ငံက လုပ်ကြံသတ်ဖြတ်ပြီးနောက် အခုလို စီစဉ်ခဲ့တာလို့ တရားရေးဝန်ကြီးဌာ နက ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ၂၀၁၉ ခုနှစ်မှာ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ပြည်ပအ ကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကိုးကား – VOA
Ref; US offers $20M for details about Iranian allegedly behind plot to kill official

#Ayeyarwaddy_Times