ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

ဂျပန်ဟာ သံအမတ်ကြီးနေရာကို ရာထူးနိမ့် ကိုယ်စားလှယ်နဲ့ အစားထိုးပြီး မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချလိုက်တဲ့ နောက်ဆုံးတိုင်းပြည်ဖြစ်လာခဲ့ပါတယ်။

လက်ရှိသံအမတ်ကြီး မာရူယာမအီချီရိုက မကြာမီ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ကို သံရုံးယာ ယီတာဝန်ခံနှင့် အစားထိုးမည်မယ်လို့ သိရပါတယ်။

ယိုရှီတာခဲဆိုသူက ဂျပန်သံရုံးရဲ့ ယာယီတာဝန်ခံရာထူးကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ လွှဲယူ ခဲ့ပြီး ၎င်းက ယခု ရန်ကုန်မှာ ရောက်ရှိနေပြီလို့ သိရပါတယ်။

မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး အဆင့်နှိမ့်လိုက်တဲ့လုပ်ရပ်ကို ဂျပန်အစိုးရက တရား ဝင် မကြေညာရသေးပါဘူး။
ဂျပန်နိုင်ငံဟာ မြန်မာစစ်ကောင်စီရဲ့ အတိုက်အခံတွေအပေါ် ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံရှိ သံ တမန်ကိုယ်စားပြုမှု အဆင့်နှိမ့်ချဖို့ ရွေးချယ်ခဲ့တဲ့ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် ကမ္ဘာ့ နိုင်ငံအချို့လို ဖြစ်လာခဲ့ပါတယ်။

အဆိုပါတိုင်းပြည်တွေဟာ မြန်မာနိုင်ငံရှိ သံအမတ်ကြီး သက်တမ်းကုန်ဆုံးချိန်မှာ ရာထူးအဆင့် တူသူတွေနဲ့ အစားမထိုးဘဲ သံတမန်ဆက်ဆံမှု အဆင့်နှိမ့်ချပြီး ရာထူးနိမ့်သူတွေကို အစားထိုးခဲ့တာပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးတိုင်းပြည်တွေလိုမျိုး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ် ပေးဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်ကျင့်သုံးဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်က ငြိမ်းချမ်းသော အဖြေမရှာဘဲ အရေးပေါ်အခြေအနေကို ကြိမ်ဖန်များစွာ သက် တမ်းတိုးပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားအကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားတွေ သေဆုံးရတဲ့ အခြေအနေကို အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုက ရှုတ်ချခဲ့ပါတယ်။

ကိုးကား – The Diplomat
Ref; Japan To Downgrade Diplomatic Ties With Myanmar Junta, Report Says

#Ayeyarwaddy_Times