ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

နိုဝင်ဘာလမှာ ဒီမိုကရက်တစ်ပြိုင်ဘက် ဒုတိယသမ္မတ ကာမဲလာဟားရစ်ကို ရှုံးနိမ့်ရင် ၂၀၂၈ ခု နှစ် အမေရိကန်ရွေးကောက်ပွဲမှာ မပြိုင်တော့ဘူးလို့ ရီဗက်ပလီကင် သမ္မတကိုယ်စားလှယ်လောင်း ဒေါ် နယ်ထရမ့်က ပြောပါတယ်။

တနင်္ဂနွေနေ့ကထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုအတွင်း နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မအောင် မြင်ခဲ့ရင် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပြိုင် မပြိုင် ဒေါ်နယ်ထရမ့်ကို မေးမြန်းခဲ့ပါတယ်။

“အဲဒီလိုဖြစ်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုမေးခွန်းကို အင်တာဗျူးနောက်ဆုံးမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲ မှာ ဘာကြောင့် နောက်ဆုံးအကြိမ် ယှဉ်ပြိုင်တယ်ဆိုတာကိုတော့ ဒေါ်နယ်ထရမ့်က မပြောခဲ့ပါဘူး။

အမေရိကန်နိုင်ငံမှာ သမ္မတတစ်ဉီးလျင် ၄ နှစ်သက်တမ်း နှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ဖို့ ကန့်သတ်ထားပါတယ်။ သို့သော်လည်း အသက်အရွယ်မည်မျှပင်ရှိစေကာမူ ကိုယ်စားလှယ်လောင်းတွေ ကို ရွေးကောက်ပွဲမှာ အကန့်အသတ်မရှိ ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်တာကြောင့် ဖြစ်နိုင်ချေရှိတာကို ဒေါ်နယ်ထရမ့်က ဝန်ခံတာလို့ AP သ တင်းဌာနက အဆိုပါမှတ်ချက်ကို ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Trump says he will not run for president in 2028 if he loses to Harris

#Ayeyarwaddy_Times