ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားပေါ်တွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ကို ထောက်ခံသည့် လူတစုမှ ကချင့်လွတ်မြောက်ရေးတပ်မတော်-KIA/KIO အလိုမရှိဟု ဆိုကာ ဆန္ဒပြသခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူ လူများ၏ အမည်မသိရသော်လည်း စစ်မှုထမ်းဟောင်းတချို့နှင့်စစ်တပ်ထောက်ခံသူများပါဝင်ကြောင်း မြိုခံတဦးကဧရာဝတီတိုင်းမ်ကိုဆက်သွယ်ပြောဆိုသည်။

အဆိုပါ KIA ကိုဆန္ဒပြသည့်ဓာတ်ပုံများနှင့် မှတ်တမ်းရုပ်သံကိုလည်း စစ်တပ်ထောက်ခံသည့်လူမှုကွန်ယက်စာ မျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြောင်း သိရသည်။

ရုပ်သံ – ပေးပို့