ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

စင်ကာပူစစ်တပ်က လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံရှိ တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ ဘေးသင့် အ သိုင်းအဝိုင်းများသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မယ်လို့ သိရပါတယ်။

A330 ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းနဲ့ C-130 သယ်ယူပို့ဆောင်ရေးလေ ယာဉ်တစ်စင်းကို အကူအညီပစ္စည်းတွေ ပေးအပ်ဖို့ စေလွှတ်မယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေထဲမှာ စောင်တွေ၊ တစ်ကိုယ်ရေးသုံးပစ္စည်းတွေ၊ ရေစစ်ကိရိယာတွေနဲ့ အစားအစာထုပ်တွေ ပါဝင်ပါတယ်။

အာဆီယံနိုင်ငံများစွာဟာ စက်တင်ဘာလ ၂ ရက်က ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံး ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ‘ယာဂီ’ တိုင် ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။

အပူပိုင်းမုတ်သုံမုန်တိုင်း ‘ယာဂီ’ ဟာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ တိုက်ခတ်ခဲ့ရာ စက်ရုံများ စွာ ပျက်စီးခဲ့ပြီး ပြင်းထန်သော ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ လူ ၂၉၀ ကျော် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး စပါးခင်းနဲ့ အခြားသီးနှံစိုက်ခင်း ဟက်တာ ၂၆၀၀၀၀ နီးပါး ရေဘေးကြောင့် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းကြောင့်ဖြစ်ပေါ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ခဲ့ရာ ပိတ်မိ နေသူတွေကို ကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ လာအိုအာဏာပိုင်တွေက ပြောပါတယ်။

ကိုးကား – CNA
Ref; SAF to deliver aid supplies to communities in Laos, Myanmar and Vietnam hit by Typhoon Yagi

#Ayeyarwaddy_Times