ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ စစ်ရေးအကူအညီပေးတာကို လက်တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံရှိ အမေရိကန်စစ်တပ်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ တရုတ်နိုင်ငံက ဆုံးဖြတ် လိုက်ပါတယ်။

လေယာဉ်နဲ့ ဒရုန်းဆက်စပ်နည်းပညာတွေ အထူးပြုတဲ့ Sierra Nevada Corporation နဲ့ အခြား လုပ်ငန်းရှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါ တယ်။

အမေရိကန်ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှု အစီအမံတွေဟာ စက်တင်ဘာလ ၁၈ ရက်မှစပြီး အသက်ဝင်ခဲ့ပါတယ်။ တန်ပြန်အစီအမံတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်ပအရေးယူမှုတိုက်ဖျက်ရေးဥပဒေနဲ့ အညီ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ်နိုင်ငံရှိ အဆိုပါကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူကာ တရုတ်နိုင်ငံရှိ အဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေကို ယင်းကုမ္ပဏီတွေနဲ့ ထိတွေ့ဆက်ဆံမှုမပြုလုပ်အောင် ပိတ်ပင်မှာဖြစ်ပါတယ်။

အသေခံဒရုန်းတွေ အပါအဝင် ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချဖို့ အိမ်ဖြူတော်က ဇွန်လ အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒေါ်လာ ၂၂၈ သန်း တန်ကြေးရှိ စစ်လက်နက်အပိုပစ္စည်းတွေနဲ့ ဆက်စက်ကိရိယာတွေ ထိုင်ဝမ် သို့ ရောင်းချဖို့လည်း အိမ်ဖြူတော်က တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချမယ့် အစီအစဉ်တွေဟာ တရုတ်ပြည်တွင်းရေးကို စွက်ဖက် တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ထိခိုက်စေခဲ့တယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်-တရုတ် ဖုန်းနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ အာ ဏာပိုင်တွေ စေ့စပ်ညှိနှိုင်းနေကြစဉ် အမေရိကန်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူဖို့ တရုတ်က ကြေညာတာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Beijing to freeze properties of 9 US firms in China

#Ayeyarwaddy_Times