ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ဧရာ၀တီတိုင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၀င်များကို စစ်ကောင်စီက စက်တင်ဘာလ ၁၇ရက်နေ့မှစတင်ပြီးသန်ခေါင်စာရင်းကောက်ယူရန် သင်တန်းများ ပေးနေကြောင်း သိရသည်။
“တစ်ရပ်ကွက်ကို လေးဦးတက်ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လူတွေမအားရင် သူတို့နဲ့နီးစပ်တဲ့သူတွေ ထည့်ပေးရတယ်။ သင်တန်းက ၂၈ရက်နေ့ထိတက်ရမယ်” ဟု ပုသိမ်မြို့နယ်တွင် သင်တန်းတက်ရောက်နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် သင်တန်းတက်ရောက်သူများကို စစ်ကောင်စီ မှ နေ့လည်စာကျွေးသည့်အပြင် နေ့တွက်စားရိတ်အဖြစ် တစ်ရက်လျှင် ငွေကျပ်တစ်သောင်း ပေးကြောင်းသိရသည်။
စက်တင်ဘာလ ပထမပတ်အတွင်းက စစ်ကောင်စီမှ Non-CDM ကျောင်းဆရာ၊ ဆရာမများကို သန်းခေါင်စာရင်း ကောက်ယူရန် ရက်တိုသင်တန်းပေးပြီးနောက်ပိုင်းယခုအခါ ဒုတိယကြိမ်အဖြစ် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များကိုခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
လာမည့်အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးရှိ စစ်ကောင်စီထိန်းချုပ်သောဒေသများ၌ သန်းခေါင်စာရင်းကောက်ယူရန် စစ်ခေါင်းဆောင်မှ မိန့်ခွန်းပြောကြားစဉ် စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ကြရန် သတိပေး ပြောဆိုထားသည်။
#ဧရာ၀တီတိုင်းရပ်ကျေးအုပ်ချုပ်ရေး #အဖွဲ့၀င်များ #သန်ခေါင်စာရင်း #သင်တန်းပေး #Ayeyarwaddy_Times