
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်-ကက္ကလမ်းဆုံမှ ဆုတ် ခွာလာသည့် စစ်ကောင် စီစစ်ကြောင်းကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၊ မြတောင်မှပြန်လည်ဆုတ်ခွာလာသည့် အင်အား ၅၈ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့မှ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်းကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်မှ ဗိုလ်မှူးစန်းယု အမှတ် (၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) ဦးစီးသည့် အင်အား ၅၈ ဦးပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး၍ ငါး ဦးထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ထို့အပြင် MA 15 ငါးကြင်းမြီးတစ်လက်၊ ၆၀ မမ ပြောင်းတို MA 9 နှစ်လက်၊ MA 1 ခြောက်လက်၊ MA 3 ငါးလက်၊ MA 11 လေးလက်၊ G 3 သုံးလက်၊ ကျည်မျိုးစုံ ၂၁၂၆ တောင့်၊ အီနာဂါဗုံးသီး ခြောက်လုံး၊ လက်ပစ်ဗုံးနှစ်လုံး၊ ၄၀ မမဗုံးသီး ငါးလုံး၊ ၆၀ မမဗုံးသီး တစ် လုံး ၊RPG လေး လုံး၊ ကျည်အိမ်မျိုးစုံ ၇၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုငိး PDF တာဝန်ခံရုံးကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အထူးလှုပ်ရှား တပ်ရင်း ၃၊ ၅၁၁ တပ်ရင်း၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသ
#စစ်ကိုင်း #ထီးချိုင့် #မြတောင် #စစ်ကောင်စီ #ဆုတ်ခွာစစ်ကြောင်း #တိုက်ခိုက်ခံရ #၂၀ဦးသေဆုံး #အမှတ်၁စစ်ဒေသ #Ayeyarwaddy_Times