
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ် မိုင်တိုင် ၃၅၄ မှ ၃၅၆ အထိ ရေကြီးရေလျှံမှုကြောင့် ရန်ကုန် – မန္တလေး အသွား၊အပြန်ယာဉ်များဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။
ယနေ့မနက်ပိုင်း ၈ နာရီခန့်တွင် ရန်ကုန် မန္တလေး အမြန်လမ်းပေါ်ကို ရေကျော်ခြင်းမရှိသော်လည်း ရေတိုးလာပြီးနေ့လယ် ၁၁ နာရီခန့်တွင် လမ်းပေါ်ရေလွှမ်းမိုးလာကြောင်း ယာဉ်မောင်းတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင်ရေးသားထားသည်။
” အမြန်လမ်း တံတားဦးလေဆိပ်နား မိုင်တိုင် ၃၅၄ နဲ့ ၃၅၆ နားမှာ လမ်းပေါ်ရေကျော်နေတယ်။ ခဏစောင့်ကြည့်ပြီးမှ သွားတာကောင်းတယ်”ဟု ခရီးသွားယာဉ်မောင်းတစ်ဦးက ဆိုသည်။
လက်ရှိတွင် တံတားဦးမြို့နယ်အတွင်း ရေဝင်ရောက်မှုရှိလာသဖြင့် ရေဘေးရှောင်ရန်ကူညီကယ်ဆယ်ရေးများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်သည် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ဆုံရာတွင်တည်ရှိသဖြင့် ရေလွှမ်းမိုးမှုဒဏ်ပိုခံရနိုင်ကြောင်းသုံးသပ်မှုများလည်းရှိနေသည်။
#နေပြည်တော် #အမြန်လမ်း #ရေကျော် #မိုင်တိုင်၃၅၄ #၃၅၆
#တံတားဦးမြို့နယ်
#Ayeyarwaddy_Times