ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ နတ်ဆည်ကျေးရွာတွင် စက်တင်ဘာလ ၁၁ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ် ၁၀၀ကျော် ရေနစ်မြုပ်နေကြောင်း သိရှိရသည်။

“အညာဘက်လိုတော့ ရေစီးအားနဲ့တက်တာမဟုတ်ဘူး။ မိုးက ဆက်တိုက်ရွာနေတော့ တဖြည်းဖြည်းနဲ့တက်တာ သုံးရက်ရှိပြီရေကမကျသေးဘူး။ အိမ်တွေတော့မြုပ်ကုန်ပြီ ။ စား၀တ်နေရေးလဲ ဒုက္ခရောက်ကြတာပေါ့ “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါရေနစ်မြုပ်သည့်ကျေးရွာသို့ စက်တင်ဘာလ ၁၂ရက်နေ့က မြို့နယ်စစ်ကောင်စီမှ လာရောက်ကာ ခေါက်ဆွဲခြောက်ထုပ်နှင့် ဆီအချို့လာရောက်ပေးသွားကြောင်း ဒေသခံများမှပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း ရေကျသွားခြင်းမရှိသောကြောင့် နေအိမ်များတွင် တန်းထိုးကာနေထိုင်နေကြရပြီး အချို့မိသားစု၀င်များမှာ ကျေးရွာရှိ ဘောဂ၀တီဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

#ပန်းတနော်မြို့နယ် #နတ်ဆည်ရွာ #မိုးသည်းထန်စွာရွာသွန်း #နေအိမ်တစ်ရာကျော် #ရေနစ်မြုပ်
#Ayeyarwaddy_Times