ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

အီရန်နိုင်ငံက ရုရှားသို့ ဒုံးကျည်တွေ လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့မှ အကြီးတန်းတပ်မှူးတစ်ဉီးက စက်တင်ဘာလ ၉ ရက်မှာ ငြင်းဆန်ခဲ့ပါတယ်။

အီရန်က ရုရှားသို့ တာတိုဒုံးကျည်တေွ လွှဲပြောင်းပေးခဲ့တယ်လို့ CNN နဲ့ Wall Street ဂျာနယ်တို့ က ပြီးခဲ့တဲ့အပတ်အတွင်း မည်သူမည်ဝါမဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါ တယ်။

“ဘာဒုံးကျည်မှ ရုရှားထံ ပေးပို့ခဲ့တာမရှိသလို ဒီလိုပြောဆိုချက်ဟာ စိတ်ဓာတ်စစ်ဆင်ရေးတစ် မျိုး ဖြစ်ပါတယ်” လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး ဗိုလ်မှူးချုပ် ဖာဇိုလာနိုဇာရီ က ပြောပါတယ်။

“အီရန်နိုင်ငံက ယူကရိန်း-ရုရှား ပဋိပက္ခမှာ ဘယ်အဖွဲ့အစည်းကိုမှ မထောက်ခံပါဘူး” လို့ ၎င်း က ဆက်ပြောပါတယ်။

အီရန်က ရုရှားရဲ့မိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံစလုံးက နယ်ပယ်အားလုံးမှာ ဆွေးနွေးမှုတွေ ပြုလုပ် နေတယ်လို့ အီရန်နိုင်ငံက ရုရှားသို့ ဒုံးကျည်တွေ ပေးပို့ခဲ့တယ်ဆိုသော သတင်းတွေနဲ့ပတ်သက်လို့ ရုရှား သမ္မတရုံးက ပြောပါတယ်။

အီရန်နဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာမှုက ယူကရိန်း၊ ဉရောပနဲ့ အရှေ့အလယ်ပိုင်းဒေသအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ယူကရိန်းနိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း ပြော ကြားခဲ့ပြီး အဆိုပါနှစ်နိုင်ငံအပေါ် ဖိအားတိုးပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါ တယ်။

ရုရှားသို့ အီရန်ရဲ့ ဒုံးကျည်တွေ လွှဲပြောင်းပေးမှုက ယူကရိန်းစစ်ပွဲကို အရှိန်မြှင့်လာစေမယ်လို့ အမေရိကန်နိုင်ငံက စက်တင်ဘာလ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းသို့ ကျူးကျော်ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ဆက်ဆံမှု ပိုမိုနီးကပ်လာခဲ့ပြီး အီရန်က ရုရှားစစ်တပ်သို့ ရှာဟတ်ဒရုန်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Iran denies reports of missile transfer to Russia

#Ayeyarwaddy_Times