
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မြက်တိုဓါတ်အားခွဲရုံတွင် 66/11 kV ၊ 20 MVA 11 kV Incoming VCB ဝါယာရှော့ခ်ဖြစ်ပြီး ယမန်နေ့ ည ၈ နာရီကျော်တွင် လျှပ်စစ်ဓါတ်အားလိုင်းများပြတ်တောက်သွားခဲ့တယ်လို့ ပုသိမ်မြို့နယ်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မီးပျက်ရတဲ့အကြောင်းအရင်းကတော့ မြက်တိုဓါတ်အားခွဲရုံတွင် 66/11 kV ၊ 20 MVA 11 kV Incoming VCB ခန်းအတွင်း ကြွက်တစ်ကောင် ဝင်ရောက်တာကြောင့် ဝါယာရှော့ခ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
” ဖြစ်စဥ်အား စိစစ်ရာတွင် အဆိုပါ VCB အခန်းအတွင်း ကြွက်တစ်ကောင်ဝင်ရောက်သောင်းကျန်းရာမှ ဝါယာရှော့ခ်ဖြစ်ပြီး လျှပ်စစ်ဓါတ်လိုင်းများပြတ်တောက်သွားခဲ့ခြင်း ဖြစ်ပါသည်” လို့ ပုသိမ်မြို့နယ်စစ်ကောင်စီက ရေးသားထုတ်ပြန်ထားပါတယ်။
ပုသိမ်မြို့နယ်ရှိ လျှပ်စစ်အင်ဂျင်နီယာများမှ ညတွင်းချင်း အသစ်အစားထိုးလဲလှယ်တပ်ဆင်လျှက်ရှိတယ်လို့ ယမန်နေ့ညက ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နောင်တစ်နာရီခန့်အတွင်း ပြန်လည်ကောင်းမွန်လာမယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
ဓာတ်ပုံ – ပုသိမ်မြို့နယ်စစ်ကောင်စီ