
ဧရာဝတီတ်ိုင်းမ်
ဩဂုတ် ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ကနီ PDF ရဲဘော်နှစ်ဦးဖြစ်သည့် ရဲဘော် မျိုးခိုင် အသက် ၃၆ နှစ် ၊ ရဲဘော် ကျော်စွာ အသက် ၄၄ နှစ် သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၃ ရက် ချင်းတွင်းမြစ်တိုက်ပွဲတွင်ကျဆုံးခဲ့ခြင်းဖြစ်သည်။
၄င်းတို့ နှစ်ဦး ကျဆုံးခြင်း တနှစ်ပြည့် အခမ်းအနားနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို နယ်မြေမငြိမ်မသက်ဖြစ်နေသည့်ကြားမှ ကနီမြို့နယ် ကျေးရွာတစ်ရွာ၌ ဒီမိုကရေစီတော်လှန်ရေး အင်အားစုများမှ ဦးဆောင်၍ အောက်မေ့ဖွယ်အခမ်းအနား ကိုယနေ့ နံနက်ပိုင်း သြဂုတ်လ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့
ကြသည်။
ထို့ပြင်အခမ်းအနား၌ NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ရဲဘော်များအားအလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ
များအား ဦးညွတ်အလေးပြုခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ဓာတ်ပုံ-ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု











