
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ် ကွက်မှာ စစ်တပ်သတင်းပေးဟုဆိုသူ အမျိုးသား ၁ ဦး ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၅၂ အရွယ် ဦးညွှန့်ဝေ ဆိုသူဖြစ်ပြီး လယ်ကုန်းလမ်းမပေါ်မှာ အမည်မသိအမျိုးသား ၂ ဦးက ပစ်ခတ်ခဲ့တာဖြစ်ပြီး သူက သတင်းပေးဒလန်တဦးဖြစ်သလို စစ်တပ်အငြိမ်းစားတဦး ဖြစ်တယ်လို့ သိရပါတယ်။
” လယ်ကုန်းလမ်းမပေါ်မှာဘဲ သက်သက်ခိုင်ကုန်စုံဆိုင်မျက်စောင်းထိုး ဆီဆိုင်ရှေ့မှာပစ်သတ်ခံရတာ။ သူ့ကို ဒလန်လို့တော့လူသိများတယ်၊ စစ်မှုထမ်း ဟောင်းဘဲ။ သူ့မိန်းမက ဝက်ကုန်းစျေးမှာစျေးရောင်းတယ်” လို့ မြစ်ကြီးနားမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မြစ်ကြီးနားမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့ စစ်အုပ်စုထောက်တိုင်တွေ ပစ်ခတ်ရှင်း လင်းခံရတာတွေရှိနေပြီးတော့ ဇွန်လ ၈ ရက်နေ့ပိုင်းကလည်း အင်ဂျန်ဒုံရပ်ကွက်မှာရှိတဲ့ သားအဖသုံးယောက် ထင်းစည်းချိုးနေတဲ့ရုပ်ထု မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။