ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်းမြို့တွင် ယခုလအတွင်း နေ့စဉ်ဆိုင်ကယ်ခိုးယူခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ခိုးတဲ့သူတွေ အတင့်ရဲလာကြတာ၊ အုပ်စုဖွဲ့ပြီး ကျူးလွန်ကြတယ်ထင်တယ်။ ရဲတိုင်ပေမယ့်လည်း တစ်ခါမှ မိတယ်မကြားရဘူး”ဟု ငါးသိုင်းချောင်းမြို့ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ငါးသိုင်းချောင်းမြို့တွင် ဒုစရိုက်မှုများဆက်တိုက်ဖြစ်ပွါးနေပြီး တစ်ရက်အတွင်းမြို့တွင်းနေရာစုံမှ ဆိုင်ကယ် လေးစီးအထိ ခိုးယူခံရသည့်ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဆေးရုံတို့ဈေးတို့ရှေ့မှာဆို ဇက်သော့ခတ်ထားရင်တောင် ခဏပိုင်းအတွင်း ပျောက်သွားတယ်။ ဟိုးအရင်နှစ်က ဆိုင်ကယ်ပျောက်အမှုတွေတောင်မပေါ်တာ ရဲကိုအားကိုးလို့မရပါဘူး”ဟု ဆိုင်ကယ်ပျောက်သူ ဒေသခံတစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။

ဧရာ၀တီတိုင်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် အင်အားအများအပြားနှင့် ကင်းလှည့်နေသော်လည်းတော်လှန်ရေးအင်အားစုများကိုသာအဓိကထားဖမ်းဆီးနေပြီး နေ့စဥ်ဖြစ်ပွားနေသော ခိုးဆိုးလုနှိုက် နှင့် မူးယစ်ဆေးဝါးရောင်းချခြင်းလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှု အမတန်နည်းကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

#ငါးသိုင်းချောင်း #ဆိုင်ကယ်များ #နေ့စဉ်ခိုးယူခံနေရ #တရားခံ #ဖမ်းဆီးနိုင်ခြင်းမရှိ #Ayeyarwaddy_Times