ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် အရပ်သား သုံးဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသည့် အရပ်သားများသည် အသက် ၃၅ နှစ်အရွယ် နှင့် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီက ခလရ ၂၇၄ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“စစ်သားတွေ ဖမ်းသွားတာက ဟုတ်ပါတယ်။ မျက်မြင်တွေ့တာက စုစုပေါင်း သုံးယောက်ပါ။ နောက်ထပ် ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဘာအတွက်အကြောင်း ဖမ်းတာလဲတော့ မသိရသေးပါ။”ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားများသည် ယနေ့မနက်ထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်းနှင့် ဖမ်းဆီးခံရသူများသည် ခလရ ၂၇၄ တပ်ရင်းတွင် ရှိနေသေးကြောင်းသိရသည်။

မင်းတပ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကလည်း ကျောင်းသားများကို ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်
လွှတ်ပေးသည့်ဖြစ်စဉ်လည်း ဖြစ်ပွါးခဲ့သည်။

ထို့အပြင် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီက မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၃ တွင် လေကြောင်းတိုက်ခိုက်မူပြုလုပ်သွားပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့ကလည်း နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မူပြုလုပ်ခဲ့သည့်အတွက် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကားလမ်းအချို့ ပျက်စီးခဲ့သည်။

#မင်းတပ်မြို့ #အမျိုးသား၃ဦးထက်မနည်း #ဖမ်းဆီးခံရ
#Ayeyarwaddy_Times